ရွှေပြည်တော်ကို ရှာတွေ့ ပြီလား…
ရွှေပြည်တော်ကို ရှာနေဆဲလား မိန်းကလေးရဲ့
ငွေလသာသော ဘ၀များစွာ အားကျစွာနဲ့ 
ငေးကြည့်နေရုံမှတပါး ငါ့မှာအခြားမရှိပြီ…
နိဒါန်းတွေကစဥ့်ကလျားနဲ့ အိပ်ကပ်ဟောင်းလောင်း
နေ့ များကရှည်လျားဆဲ…
(ခေါင်းကိုတစ်ဖက်လှည့်လို့ သူ့ ရှေ့ မှာရှက်ခဲ့ရတယ်)
ကျေးငှက်တွေရဲ့တေးဆိုသံလောက်နဲ့ ပဲ
ပျော်ရွှင်ခဲ့ရတဲ့သူမို့  နတ်သမီးတေးသံကို
နားထောင်ချင်မိတာပေါ့…
တကယ်တမ်းကြားခဲ့ရတာကငှက်ဆိုးတွေရဲ့
လမိုက်ညဆည်းဆာ……ခုတော့
![]() |
ကျေးဇူးနော်.... |
တရားနဲ့ ပဲဖြေရတော့မှာပေါ့
တရားနဲ့ ပဲဖြေကြရတော့မှာပေါ့
နတ်သမီးရယ်…
ငါ့..ကို..မှ..ချစ်..ခဲ့..ရ..တယ်..တဲ့..လား
စံပါယ်ရနံ့ တွေခေတ်အဆက်ဆက်ပြောင်းသည့်တိုင်
ကျေး..ဇူး..တင်..နေ..ပါ..ဦး..မယ်
ငါတို့ ရဲ့လမ်းများဟာပြာနှမ်းဆဲ…
ကျိကျိတက်အသိုင်းဝိုင်းကြားက နတ်သမီးလွယ်အိတ်ထဲမှာ
ကိန်းပြည့်ခန်းပြည့်ငွေကြေးများက လင်းလက်နေဆဲ…
နတ်သမီးရယ်…
ငါဟာနင့်ကိုချစ်တာတစ်ခုပဲချမ်းသာသူပေါ့
တကယ်ပါ…ငါ့ကိုပဲချစ်တယ်ဆိုရင်တော့
ရွှေပြည်ကြီးကို မေ့လိုက်ပေါ့ကွယ်…
ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ