Wednesday, December 7, 2011

ရှုံးနိမ့်သူရဲ့ နောက်ဆုံး……. နှင်းစက်ပွင့်

အချစ်တစ်ခုဖြစ်တည်ဖို့က ရုပ်ရည်က အဓိက ကျသတဲ့လား…..
အချစ်တစ်ခုဖြစ်တည်ဖို့က ငွေကြေးဓနက အရေးပါ သတဲ့လား…
အချစ်တစ်ခု ဖြစ်တည်ဖို့က လိမ်ညာမှုက အရေးပါ သတဲ့လား…
အချစ်တစ်ခု ဖြစ်တည်ဖို့က အပေါ်ယံဟန်ဆောင်မှုတွေက အရေးပါ သတဲ့လား…
အချစ်တစ်ခု ဖြစ်တည်ဖို့က လှည့်စားမှုတွေက အရေးပါ သတဲ့လား…

ငါ့အတွက်တော့ အရေးမပါတဲ့အရာတွေက
မင်းအတွက်တော့ အရေးပါသတဲ့လား…

ငါ့အတွက်ကတော့ စိတ်ဓါတ်လေးတစ်ခုကပဲ ဆွဲဆောင်ခဲ့တာပါ…
အစကထဲက လွဲမှားနေတဲ့ လွဲမှားခြင်းတွေ…

အစကထဲက မတူညီတဲ့ အကြောင်းအရာတွေ…
လွဲမှားခြင်းကို အစပြုခဲ့တဲ့ ငါကိုယ်တိုင်ကပဲ လွဲမှားနေတာပါ

မင်းတို့ ပျော်ရွှင်မှုအတွက် ငါ့နှလုံးသားလေး နာကြင်ရတယ်……
မင်းတို့ ကြည်နူးမှုအတွက် ငါ့စိတ်ဓါတ်တွေ ရိုက်ချိုးခံရတယ်….
မင်းတို့ ရပ်တည်မှုအတွက် ငါပေးဆပ်ရတယ်….

လှည့်စားသူကို အပြစ်မတင်ရက်လို့
လှည့်စားခံသူ ငါကိုယ်တိုင်ပဲ အပြစ်ဖြစ်စေပါ့မယ်….

မင်း………တစ်ယောက်….
ပျော်ရွှင်ပါ…
ဝမ်းသာပါ…
ကြည်နူးပါ…
ဟားတိုက် ရယ်မောနိုင်ပါစေ…

အစကထဲက ရှုံးနိမ့်နေသူကိုမှ အလဲထိုးချင်သူ
မင်း…………တစ်ယောက်……
ပျော်ရွှင်မှုကို နှလုံးသားမှာ တစ်သက်လုံး
သီကုံးနိုင်ပါစေ…………
နှင်းစက်ပွင့်

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်