တချိန်က
 ကံအကြောင်းသင့်ခဲ့ကြသလောက် 
 အခုတော့ ငါတို့ရဲ့ရှေ့ဆက်လမ်းတွေမှာ ဆူးတွေနဲ့
 နင့်နေခဲ့ပြီ မွန်မွန်ရေ…..
 နင်ပြောခဲ့သလိုပါပဲ
 “တစ်ချိန်ကျရင် ခွဲကြရမယ်”ဆိုတာ
 မှန်နေမှန်းသိလျက်နဲ့ ငါလက်မခံခဲ့ဘူး…မွန်မွန်
 ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးတဲ့
 “ပျောက်ကွယ်တတ်ခြင်း”ဆိုတဲ့မိုးတိမ်တွေ
 ခု..နင့်ဆီမှာရော..ငါ့ဆီမှာရော အုံ့ဆိုင်းနေပြီလေ…
 ဆူးခတဲ့အနာတရတွေလည်း
 ငါတို့ဆီမှာ ရှိခဲ့ကြပါရဲ့…
 ဒါပေမယ့် ပြဒါးတစ်လမ်း သံတစ်လမ်း
 ခြားနားသွားကြသလိုမျိုး ငါတို့ဟာ ပြတ်ပြတ်သားသားကို
 ဝေးကွာပစ်လိုက်ကြရတော့မယ်….ဒါဟာ အခေါက်ခေါက်အခါခါ
 မှားခဲ့ကြတဲ့ ငါတို့အတွက်ရလဒ်ပါပဲကွယ်…
 တစ်ချိန်က
 ဟောဒီလမ်းတွေထက်မှာ အတူရှိခဲ့ကြဖူးတယ်
 ဟောဒီဘတ်(စ်)ကားတွေထဲမှာ အတူစီးနင်းခဲ့ကြဖူးတယ်
 အခုတော့ နင်မရှိတော့မယ့် လမ်းတွေထဲ
 ငါတစ်ယောက်တည်းပဲ စီးနင်းသွားရတော့မယ် …မွန်မွန်
 အဲ့တာကိုက ငါ့ရဲ့တစ်ကိုယ်တော်တိုက်ပွဲဝင်ခြင်း(သို့မဟုတ်)
 တစ်ကိုယ်တော် ကျဆုံးခြင်း တစ်မျိုးပါပဲ…
 ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းတွေနဲ့
 ထိုးနှက်ခံရလည်း ငါခေါင်းငုံ့ပေးထားလိုက်တော့မယ်…
 နင်ကချည်းပဲဦးဆောင်ပြီး မှားမှားလာခဲ့ကြလိုက်တာ
 အခုတော့ ငါ့အမှားမှာပဲ ငါတို့ဇာတ်လမ်းကို ပြီးဆုံးလိုက်ကြရအောင်
 (ဒါဟာ လမ်းခွဲကြဖို့ ပြောတဲ့အနုပညာတော့ မဟုတ်ပါဘူး)
 နှုတ်ဆက်ကြရုံသက်သက်လောက်ပါပဲ မွန်မွန်
 ဘယ်…တော့…မှ…ပြန်…မ…ဆုံ..ကြ…ကြေး…ပေါ့..ဟာ
 (ဘာပဲဖြစ်ဖြစ်…စိတ်မကောင်းပါဘူး)
 ဒါပေမယ့်လည်း ပြုံးပျော်ဟန်ဆောင်ပြရဦးမယ် …မွန်မွန်ရေ
 ဒါမှလည်းငါဆိုတဲ့ သစ္စာဖောက်ကောင်တစ်ကောင်က
 နင်ဆိုတဲ့ မာယာများသူအတွက်ငိုကြွေးပေးခဲ့ရတာတွေကို 
 နင်မသိအောင် ဖုံးကွယ်ပစ်လိုက်နိုင်မှာ မဟုတ်လား?
 ဘယ်သမိုင်းကိုမှ ဓါးရိုးကမ်းပြီး
 တိုက်ပွဲဝင်မနေပါနဲ့တော့…ဟာ
 တကယ်တော့ ငါကိုယ်တိုင်ကလည်း
 ထူးခတ်ခံလိုက်ရတာပါပဲ…မွန်မွန်…ရယ်
 နင့်ရဲ့…………..လှည့်စားမှုတွေ
 နင့်ရဲ့………….သစ္စာမသိတတ်မှုတွေကြားမှာ
 ငါ့လက်တွေဟာ စိုစွတ်နေတဲ့ပါးပြင်ဆီ ရောက်သွားလိုက်
 စီးကရက်တွေဆီ ရောက်သွားလိုက်နဲ့ အင်မတန်မှ
 ဒုက္ခများခဲ့တာ မဟုတ်လား………..
 အခုတော့ 
 ငါမလုပ်ခဲ့ချင်ဆုံး အရာတွေကို ငါ…လုပ်လိုက်ပြီ…မွန်မွန်
 အသေချာဆုံးကတော့…ငါဟာ
 (နင့်သူငယ်ချင်းကိုလက်ချင်းချိတ် လမ်းလျှောက်ပြနေရပေမယ့်)
 နင့်လောက်မချစ်ခဲ့ရိုး………….အမှန်ပါပဲ…
 နောက်…နောင် ဘ၀ပေါင်းများစွာမှာ ပြန်မတွေ့ကျခင်ထိ
 ဟောဒီ့ဘ၀မှာတင်  မြိုသိပ်တိတ်ဆိတ်ခြင်းပေါင်းများစွာနဲ့
 ငါ…၀န်…ခံ…ခဲ့…ပါ…ရဲ့…ကွယ်
                                                 ရွှေကြယ်မိုး
                                     ၂၀၁၂.ဇန်န၀ါရီ.၂၁ရက်
                                               ည-၈ နာရီ ၃၉ မိနစ်
                                           (shwekyalmoe@gmail.com)
 
 
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ