Friday, March 30, 2012

ဝရမ်းပြေး-ရွှေကြယ်မိုး

ဒီတစ်လမ်း ဆုံးပြန်တော့
အရှေ့မှာ နောက်ထပ်တစ်လမ်း
ဒီလိုနဲ့ မြို့ပြဟာ
တဖြည်းဖြည်း ကျန်နေခဲ့ရဲ့
စံပယ်ရနံ့တွေနဲ့ ကတော့ တဖြည်းဖြည်း နီးလာ
နွေးထွေးမှုတွေနဲ့ကတော့ တဖြည်းဖြည်းဝေးသွား
နေရင်ချို ရေနေရင်ချို ရေ
အဝေးမှာ မင်းရဲ့ရနံ့တွေက ခါးလိုက်တာ
လွန်ပါရောလားကွယ်
                        ရွှေကြယ်မိုး
www.poemyae.blogspot.com သို့ ဖိတ်ခေါ်အပ်ပါသည်။

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်