သွားရတော့မယ် ငှက်ငယ်ရယ်...
နှုတ်ဆက်တာ့တာပြခွင့်လေးတောင် မရှိတော့သူ့ရဲ့ပူလောင်မှုကို...
နင်.မလှောင်ပါနဲ့တော့ဟာ...
မရနိုင်တော့တာသေချာနေပြီဖြစ်တဲ့ ...
အဲ့ဒီ မျှော်လင့်ချက်လေးကြောင့်ပဲ...
သံယောဇဉ်မဲ့လမ်းကို
ငါ မျက်စိမှိတ်ရွေးချယ်ခဲ့တာပါ...
နင့်အတွက်က ဓာတ်ပြားဟောင်းတစ်ချပ်ဖြစ်ချင်ြ ဖစ်နေပေမယ့်...
ငါ့အတွက်ကတော့...
လတ်ဆတ်သစ်လွင်တဲ့ ပွန်းပဲ့နာတစ်ခုပါပဲ...
အစွဲအလမ်းကြီးတတ်တယ်ဆိုတာနဲ့...
မေ့ပျောက်ဖို့ခက်တတ်တယ် ဆိုတာတွေကလည်း
ငါ့ရဲ့ ဘာသာဗေဒရပ်တစ်ခုပါပဲ...
ချစ်သူရှိနေကြဖြစ်တဲ့ ချစ်သူ့ရပ်ဝန်းဟာလည်း
ငါ့အတွက်တော့ ကန္တာလွင်ပြင်မှာ နေပူခံနေရသလိုပါပဲ...
နင်မမှားပါဘူး
နှေးကွေးလေးကန်တဲ့ ခွင့်လွှတ်ခြင်းခြေလှမ်းတွေကို
မေတ္တာတရားနဲ့ထိန်းရင်း...
ဝေဒနာကို ဖြေစရာအဖြစ်လုပ်ပြီး..
မမြင်ကွယ်ရာတစ်နေရာကနေ
ချစ်သူ့ပြုံးပျော်သံကို နားစွင့်သင့်ခဲ့တာပါ...
ပလှပ်ခံရတဲ့ ဒီကောင့်ရင်မှာလည်း...
နာကျင် ကြေမွ ပျက်စီးရင်း...
ခပ်ဖွဖွ အပြုံးလေးတစ်ချက်တောင်
အပီအပြင် မဖန်တီးနိုင်တော့ပါဘူး...
အေးလေ...
ငါ့ဘ၀ကိုက ဒီလိုအဆုံးသတ်ဖို့ ...
စီရင်ချက် ချပြီးသားမှန်းမှ မသိခဲ့တာပဲလေ...
နင် သတိရနေလိမ့်မယ်လို့တော့ ငါ မယုံကြည်မိပါဘူး...
နင် အမှတ်မရချင်စရာကောင်းလောက်အောင် ကို
ငါက ကျင်လည်လှုပ်ရှားနေရတာဆိုတော့.. .
ငါ မယုံကြည်မိဘူးဆိုတာကလည်း...
တကယ်တော့...
ငါနဲ့ထိုက်တန်ပါတယ်...
ငါ ကျေနပ်ပါတယ်ဟာ...
တစ်ခုပဲပါ...
``ကျွန်မဘ၀မှာ ရှင်က ဘယ်အခန်းကဏ္ဍကမှ အရေးမကြီးဘူ``ဆိုတဲ့...
စကားလုံးလေးကိုတော့...
ငါ အချိန်တော်တော်ယူပြီး မေ့ဖျောက်ပစ်ရဦးမှာပါ ...။
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ