Saturday, February 4, 2012

နတ်သမီးနှလုံးသားဖြင့် ဖန်ဆင်းအပ်သော (သို့) နိုးထသော သူငယ်ချင်းများသို့-မောင်ချမ်းနွေး

အညောင်းမိနေတဲ့
ကျဆိမ့် ခွက်ထဲက
ဇာတ်ကောင် တချို့
ခုန်ထွက် . . .
ငါ ပွေ့ဖက်တော့
သမိုင်းကြောင်းက ခါးတယ် . . .

မြစ်တစင်းလို
အနည်တွေ အန်ချရမဲ့
သတ်မှတ် ဧရိယာ
ငါ တို့. . .
ရောက်မရောက်
(တစ်ချို့  က)
လင်းနို့တွေလို
အသံလှိုင်းနဲ့
သက်သေထူလို့ ပေါ့ . . .

မျှော် . .ရင်း . .
ငေး . . ရင်း. . .
ဝေးခဲ့တာ ကြာသလို
ပြေးသူ့ကျော တွေလဲ မာ
ဆွေးသူ့ရင်တွေလဲ နာလှပေါ့

ပုံပန်းမကျ
ခြေရာခွက်တွေထဲ
ကြုံသလိုလောင်ကျွမ်းခဲ့တဲ့
ဆေးပေါ့လိပ်တို တွေ
အစီအရီရီ . . .

ဤ ခရီး မနီးခဲ့ပေမယ့်
ဇီဝဇိုးတွေရဲ့
ရင်ကွဲနာကျခန်း တွေရင်းလို့
ခုတော့
ငါ့ (တို့) ကမ္ဘာအတွက်
နတ်သမီး နှလုံးသားနဲ့
ဖန်ဆင်းတဲ့
အနမ်းတပွင့်က
သူမ ရဲ့    နှုတ်ခမ်းဖျားမှာ
တွဲရရွဲ ခိုလို့ . . .
                  မောင်ချမ်းနွေး

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်