Friday, July 6, 2012

လရောင်မပန်ထိုက်တဲ့…ည-လင်းညီညာ

လမ်းတော့လမ်းပါပဲ
လျှောက်လို့မရအောင်သာ ကြမ်းနေတာ
စမ်းတော့ စမ်းပါပဲ
သောက်လို့ မရအောင်သာ ခန်းနေတာ။                      

လမ်းလျှောက်နေတုန်းမှာ
မြက်ရိုင်းပန်းတွေကို မေ့လျော့နေခဲ့
မွှေးရနံ့တွေ ချိုအီနေစဉ်မှာတော့
ဘ၀က ဆက်လက်ခုတ်မောင်းခဲ့။                  

ဆွတ်ယူမယ် ဟန်ပြင်ကာမှ
အမြစ်တွေက လမ်းလျှောက်ထွက်ခဲ့ကြ
ခိုနားမယ် ကြံကာမှ
အရိပ်တွေက ပုန်းအောင်းပြေးထွက်ခဲ့ကြ
သာယာတယ်ဆိုကာမှ
မုန်တိုင်းတွေ ဖုးပွင့်စိမ်းစိုခဲ့ကြ
ဖြူစင်တယ် ပြောကာမှ
တိမ်ညိုတွေ တလိပ်လိပ်ကြွေကျခဲ့ကြ။

အာဒမ်က ဧ၀ကို ပြောခဲ့သလို
၂, ၉, ၅, ၈၀…။               

ကြာတော့ကြာခဲ့ပါပြီ
ဖြစ်နိုင်ရင်
 ငါ့နတ်သမီးကို ပြန်…ခေါ်…ပေး…ပါ။             
                                  လင်း    ညီ       ညာ


1 comment:

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်