Saturday, February 18, 2012

ထူးထူးဆန်းဆန်းည ခေါင်းငိုက်စိုက်ချ အိမ်အပြန် -ကိုသျှား

ငါ ဖတ်ခဲ့ရတဲ့ဘာသာစကားကို ငါ နားမလည်ဘူး
ငါ ပြောခဲ့ရတဲ့စကားတွေ ရုန်းရင်းဆန်ခတ်
ငါဟာ တရားခံတစ်ယောက်အဖြစ် လက်ညှိုးထိုးခံခဲ့ရပေါ့


ငါ့သစ္စာတရားကို ဘယ်လိုဖြောင့်ချက်မျိုးနဲ့မှ သက်သေမပြချင်ခဲ့တာ မှားလား
လင်းနေတဲ့လမ်းမကြီးပေါ်မှာ ငါတစ်ယောက်တည်း အမှောင်ကျလို့
ထွန်းကားနေတဲ့မြို့ပြညထဲမှာ ငါတစ်ယောက်တည်း ဆိတ်သုဉ်းလို့
ဘာကိုမှ မကြားဘူး ဘာကိုမှ မမြင်ဘူး
ထိုင်နေကျလက်ဖက်ရည်ဆိုင်ကို ကျောခိုင်းခဲ့မိတယ်


လူမှားပြီးပစ်လိုက်တဲ့ကျည်ဆံလား
လူနာကို အလျင်စလိုပေးလိုက်တဲ့ အလွဲဓာတ်စာလား
အက်ဆစ်ဆန်တဲ့မေးခွန်းတွေ တစ်ကိုယ်လုံး လှိုက်စားသွားခဲ့တယ်
အာခေါင်ထဲ လက်ညှိုးထိုးပြီး အန်ပြရမယ်ဆိုရင်တောင်
ဘယ်တော့မှ နှုတ်မဆက်ဘူးဆိုတဲ့သံယောဇဉ်ဖြူဖြူလေးသာ
ဆံချည်မျှင်အထွေးလိုက် ထွက်ကျလာမှာပါ


အရှင်လတ်လတ် သင်္ဂြိုဟ်ခံလိုက်ရတဲ့ငါ့ဈာပန
ငါကိုယ်တိုင် ငိုပြီး ချခဲ့တယ်

                                                                ကိုသျှား
ဟောဒီ့ကဗျာလေးက ဟောဒီ့ဆိုက်မှာရေးနေတဲ့အကိုတစ်ယောက်ရဲ့ကဗျာလေးပါhttp://www.poemscorner.com/post-type/myanmar-poems/20193/comment-page-1#comment-38873ခံစားချက်တူသူများ နှစ်သက်မယ်လို့ထင်ပါတယ်

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်