ဤဆိုက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာပေသဟာယအသင်းကြီးအတွက် ပင်မကဗျာ ရေစီးတစ်ခုဖြစ်စေရန် စုစည်းပေးသော နေရာ တစ်ခုဖြစ်သည်။ ကျောင်းသားကျောင်းသူများနှင့် ၀င်ရောက်အားပေးသူ ကဗျာချစ်သူအားလုံးကို အထူးကျေးဇူးတင်ပါသည်။
Tuesday, November 29, 2011
ရိုးရိုးလေးပါပဲ-မောင်ရွာ
ရိုးရိုးလေးပါပဲ
ဟိုရှေ့က ငှက်လေးတွေ
တေးဆိုနေကြတယ်လေ …
ရိုးရိုးလေးပါပဲ
ဟိုနားက ပန်းလေးတွေ
ပွင့်လန်းနေကြတယ်လေ …
ရိုးရိုးလေးပါပဲ
အလင်းရဲ့ နှလုံးသားကို
အမှောင်က တစ်စတစ်စ
ဝါးမြိုချတယ်လေ …
ရိုးရိုးလေးပါပဲ
တိုးတိုးလေး သူကပြောတယ်
“သိပ်ချစ်တယ် …” တဲ့ …
ရိုးရိုးလေးပါပဲ
တိုးတိုးပြီး ဖက်တွယ်ထားရင်း
အနမ်းများက နှုတ်ခမ်းနားမှာ
ခိုနားနေကြတယ် …
ရိုးရိုးလေးပါပဲ
အဲဒီ လမ်းခွဲညနေတွေ
ပြန်တွေးမိတိုင်းမှာ
ဝမ်းနည်းမျက်ရည်က
ပါးပြင်ထက်
အလိုလို စီးကျလာတတ်တယ် …
ရိုးရိုးလေးပါပဲ
ခိုးခိုးပြီး မျှော်လင့်မိတာ
သူ့အချစ်တွေကို
ပြန်လည် ရရှိဖို့ပါ …
ရိုးရိုးလေးပါပဲ
ဒီသံသရာ လောကထဲ
အသည်းကွဲဖူးတာလည်း
ကိုယ် တစ်ယောက်တည်းမှ
မဟုတ်တာဘဲလေ …….. ။
မောင်ရွာ
(သူမ မဖတ်ခဲ့သော ကဗျာများ)
Subscribe to:
Post Comments (Atom)
ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်
၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ