Monday, October 17, 2011

နတ်သမီးမဖတ်ခဲ့တဲ့ကဗျာ

ငါ့နတ်သမီးရေ…
ဆံနွယ်မှာလေပြေတွေနဲ့ အတူ
စံပါယ်တွေဖူးပွင့်ပါစေတော့ကွယ်…
ဒီကောင်းကင်မှာ တိမ်ဖြူတွေမှ
မရှိတော့ပဲ….
ကိုယ်ကပဲ အားလုံးကို
ကျောခိုင်းလိုက်ပါ့မယ်…..


‘နှုတ်ဆက်ပါတယ်’ ဆိုတဲ့
ဥသြကို ဒီလမ်းခွဲခြင်း သင်္ဘော
မဆိုက်ကပ်ခင်တည်းက
ဆွဲနှင့်ပြီးသားမဟုတ်လား…..
ခုတော့ကြေကွဲခြင်းခေါင်းတိုင်ဝက
မီးခိုးတွေနဲ့ အတူ…
ကိုယ်လွင့်မျောသွားရုံပဲရှိတော့မှာပေါ့


ကြယ်ကြွေငှက်တစ်ကောင်ရဲ့
ဖြစ်ရပ်က ဒါပါပဲလေ…..
နတ်သမီးအိပ်မက်တွေကြားက
အလန့် တကြားနိုးထလာတဲ့အခါ
ငှက်ဆိုးတွေအကုန်လုံးဝိုင်းပြောကြတယ်…
ဇာတ်သိမ်းပါပြီ…..
ဇာတ်သိမ်းပါပြီ…..
“ဇာတ်သိမ်းပါပြီ…..” တဲ့


ခေတ်အဆက်ဆက်
ချန်ထားခဲ့ရမယ့်
ငါ့နတ်သမီးရေ…
ဒီလိုနဲ့ ပဲ….
ရေနံဆီမကုန်ခင် ဆီမီးခွက်တွေ
ငြိမ်းခဲ့ရပေါ့ကွယ်….
                              ရွှေကြယ်မိုး

4 comments:

  1. နတ်သမီမဖတ်ပေမယ့်
    စံပယ်လာဖတ်ပါတယ်.....

    ReplyDelete
  2. တို့လည်း လာဖတ်ပါတယ်နော်

    ReplyDelete
  3. အရမ်းကို မိုက်တယ်ညီလေးရေ
    အကို့ဆိုဒ်မှာ ဒီကဗျာတင်ထားပေးကွာ

    ReplyDelete
  4. အရမ်းမိုက်တယ်ဗျာ အားပေးနေမယ်နော်

    ReplyDelete

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်