Monday, October 17, 2011

 
ဒီအတိုင်းလေးပါပဲ…
စွယ်တော်ရွက်ခြောက်လေးတွေ
ငါ့ရင်ခွင်က ထွက်ခွါသွားကြတယ်…
မိုးနှောင်းမှာပွင့်တဲ့
တစ်ရာသီစာပန်းတွေ
ဟိုလိုလိုဒီလိုလိုနဲ့  မြေခသွားခဲ့
ဘာမှသာမဟုတ်တယ်
ဆွဲဆုတ်ခံရတဲ့နေ့ စွဲတွေ
ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ 
လမင်းလိုက်တမ်း ကစားခဲ့ရတယ်…
သမားရိုးကျ လမ်းခွဲလေးတစ်ခု
ဘာမှမဖြစ်သလိုနေပြကြရင်း
ဒဏ်ရာကိုယ်စီဖန်တီးလိုက်တယ်…
တကယ်တမ်းက…
တမ်းတမှုကိုယ်စီနဲ့ ရှိုက်နင့်ခဲ့ပေါ့…
နှုတ်ဆက်ပါတယ်ချစ်သူ…
အာဒံဧ၀လည်း အဆုံးသတ်သွားပါပြီ
ရိုမီရိုဂျူးလီးယက်လည်း ပြီးသွားပါပြီ
ငါတို့ ကသာ မပြီးသေးတဲ့အလွမ်းတွေနဲ့ 
အညတရလမ်းခွဲလေးမှာ ရှင်ကွဲကွဲခဲ့ပေမယ့်
တံလျှပ်ပေါ်တင် ကွပ်မျက်ခံရတဲ့
နှလုံးသားက တမလွန်ထိ
တမ်းတဆဲပါ……………….
                                         ရွှေကြယ်မိုး

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်