Monday, November 28, 2011

ကျွန်တော်နှင့်ကြယ်ကြွေသတို့ သမီး-တာရာမင်းဝေ

မကြာမီနွေဦးပေါက်ပါတော့မယ်…။
နောက်ဆုံးနေရာမှာ လှဲအိပ်နေတဲ့ဆောင်းညအိုအိုကြီးတွေက
တုန်ရင်ဖျော့တော့စွာ တစ်လှမ်းချင်းထလာတယ်…
သင်္ချိုင်းမြေရဲ့ သူအိပ်စက်ရမယ့် အုတ်ဂူမှာ လူငယ်တစ်ယောက်ကို
သူမြင်တယ်…
အဲ့ဒီ့လူငယ်ဟာ တေလေဖိနပ်ကိုစီးထားတယ်…
သူဆွေးမြေ့ရီဝေစွာ ငေးကြည့်နေချိန်မှာပဲ
နှင်းတွေက တစ်ထပ်ပြီးတစ်ထပ် မှိုင်းအက်ပြိုဆင်းလာတယ်
ငါ…လွမ်းနေမယ်…မိသံလွင်
လူတစ်ယောက်ဟာဘ၀မှာ ဘယ်ရွေ့ ဘယ်မျှအထိ
မမြင်ရတဲ့ကြိုးကလေးတစ်ချောင်းနဲ့ ညိနေနိုင်သလဲ
ရနိုင်မယ်ဆိုမျက်နှာကို လက်နဲ့ အုပ်ပြီးလက်ချောင်းကလေးတွေကြားက
ချောင်းကြည့်ချင်တယ်…
စီးဆင်းသွားတဲ့ မြစ်ရေတွေ ဘယ်ထိအောင် ရောက်နေပြီလဲ…
ရွက်ကိုချန်ထားပြီး လှော်သွားတဲ့လှေကလေး အဝေးဆုံးရောက်အောင်
သွားနိုင်ပါစေ…
ကျွန်တော်ကတော့ မျှော်လင့်ချက်တွေတွယ်ဖက်ပြီးဒီကမ်းစပ်ကပဲ
ရပ်ကြည့်နေခဲ့….
[ရေစုန်မျောပြီးမှ မှီရမယ်ဆိုရင်ရေစုန်မှာပဲ ရင်ပွင့်ခံလိုက်ပါတော့မယ်
မိသံလွင်…မင်းမသိပေနဲ့ ငါသတ္တိရှိပါတယ်]
တာရာမင်းဝေ

[ လူငယ်တစ်ယောက်၏ ကျောက်ထွင်းရာဇ၀င် စာအုပ်မှ
ဖော်ပြပါသည်။]

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်