ရနံ့ ရှုရှိုက်ရရုံသက်သက်နဲ့ တော့
ဒီပန်းလေးကို ကိုယ်မခြွေရက်တော့ပါဘူး
ပင်ယံထက်မှာပဲ နေခဲ့ဦးပေါ့ကွယ်…
အတိတ်တွေကမဟောင်းနွမ်းသေး
အရိပ်တွေကလည်း မပြောင်းလဲသေးတယ်
ဘယ်တော့များမှ ဝေဆာခွင့်ရပါ့မလဲ
ငါ့အနာဂါတ်တွေကို ခူးဆွတ်သွားပါတော့ ပန်းငယ်
မနက်ဖြန်တွေဟာ အသစ်ဆိုတာဟုတ်ရဲ့လား?
ငါလှမ်းမြင်နေတယ် ပန်းငယ်ရေ…
အသစ်သစ်သော အချိန်တွေမှာလည်း
နင့်အရိပ်တွေကစောင့်ဆိုင်းမြဲရယ်…
ဘယ်တတ်နိုင်မလဲ…
ဝေးကွာနေရသူအတွက်နင့်အရိပ်တော့ရှိမှဖြစ်မယ်
အခုတော့ နှင်းစက်များနဲ့ လည်း
စကားပြောတတ်နေခဲ့…
တဖြည်းဖြည်းရင့်လာတဲ့ရင်ထဲကဆူးဒဏ်ရာကိုလည်း
နာကျင်နေပါလျက်နဲ့ ယုယနေတတ်ခဲ့…
အကြောင်းကြောင်းများကြောင့်ငါတို့ 
ဝေးကြရဦးမယ် ဆူးခတဲ့ပန်းငယ်ရေ…
ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ