အိပ်မက်လိုပါပဲ…
အရာရာပြီးဆုံးသွားတဲ့အခါ
အရာရာဇာတ်သိမ်းသွားတဲ့အခါ
တိမ်စိုင်တွေလိုဝိုးတိုးဝါးတားသာ
မြင်ခွင့်ရှိတော့တယ်…..
နောက်ဆုံးအကြည့်မှာရခဲ့တဲ့
အေးစက်ပြာလဲ့ မျက်ဝန်းနက်ဟာ
ငါ့အတွက်အဖိုးတန်ခဲ့ပါတယ်…
နေတစ်စင်းမှ မရှိတော့တဲ့အခါ
ငါ့ကိုယ်ငါပဲ တောင်စွယ်ကို
ဝင်လိုက်ထွက်လိုက်လုပ်ရင်း
ငါ့ကိုယ်ငါပဲ လင်းစေမှောင်စေခဲ့တယ်
စကပ်နက်နဲ့ မိန်းကလေးရေ…
ငါကိုယ်တိုင်ထိခိုက်ခဲ့ရတဲ့
ကြောက်မက်ဖွယ်တိတ်ဆိတ်ခြင်းတွေ
နင့်ဆီမှာရှိနေသေးတယ်…
(ဒီတိတ်ဆိတ်ခြင်းတွေကပဲ ငါတို့ ကို
ခွဲခြမ်းပစ်ခဲ့တာ…)
ပြီးဆုံးသွားတာတော့မှန်ပါတယ်
ငါတို့ တွေ တိတ်ဆိတ်ရင်းနဲ့ ပေါ့…
နင်နေထိုင်တဲ့ အရှေ့ မြောက်အရပ်က
ပျိုးပျိုးပျက်ပျက်ကြယ်တွေရှိရာ လရောင်အောက်ကို
တမျှော်တခေါ်လှမ်းမျှော်ကြည့်ရင်း…
အလွမ်းတွေဝေတဲ့ အိပ်မက်မြို့ မှာ
ငါနေထိုင်တာပေါ့ ချစ်သူရယ်…..
ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ