Wednesday, October 12, 2011
ဝေးကွာခြင်း
အလင်းမဲ့ရင်မှာ
နင်ပြန်လာမှာဆိုတဲ့
အတွေးတွေ စိမ့်စမ်းရေလို
စဉ်ဆက်မပြတ် စီးဆင်းနေခဲ့ပေါ့
နေညိုသွားတာတောင်
ထပ်ဆုံကြမှာဆိုတဲ့
အဖြစ်ချင်ဆုံးဆန္ဒတွေ
ဆေးလိပ်ငွေ့ လို နှလုံသားကို
လှိုက်စားနေတုန်းရယ်...
ထင်မှတ်ထားတဲ့
စိတ်ကူးတွေလည်း
မိုးအဖြစ်နဲ့ ရွာချဆဲ...
ငါတို့ .....
ငါတို့ .....
ကာလများစွာဝေးကြရမယ်
သမုဒယကြိုးနဲ့ 
ရစ်နှောင်ချည်ခဲ့တဲ့
ဆူးဖြူလေးတစ်ချောင်းပါပဲ...
ငါ့ကိုရာစုနှစ်တွေနဲ့ 
ကွဲကွာစေခဲ့တာကလွဲလို့ 
နင့်အပြုံးတွေက
ကြောက်ဖို့ ကောင်းနေတုန်းရယ်...
                                ရွှေကြယ်မိုး
မှတ်ချက်။     ။အမည်ရင်းမှာရဲဝင့်အောင်ဖြစ်ပါသည်။
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ
ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်
၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်