Monday, October 17, 2011

ဥသြဆွဲချိန်

ရင်ဘတ်တစ်ခုလုံးနဲ့ 
တည်ဆောက်ခဲ့ရတဲ့
ဘူတာရုံလေးပါ…
ခုတော့ တစ်စီးတည်းကျန်တဲ့
မျှော်လင့်ချက်လေးတောင်
အချိန်မတန်ခင် ထွက်သွားခဲ့ပြီ…

နေ့ စဉ်ရက်ဆက်
ဘယ်လိုပဲစောင့်ခဲ့စောင့်ခဲ့
ဒဏ်ရာတွေသာဥသြမဆွဲပဲ
ရောက်ရောက်လာတယ်…
ဟာတာတာရင်ဘတ်နဲ့ လင်းတဲ့
ကျွန်တော့်ရဲ့ဘူတာလေးဆီ
သူပြန်မလာခဲ့ဘူး…..
ခုတော့…..
ချစ်သူထံကတောင်းယူဖူးတဲ့
ပါးဖြူဖြူလေးကို နှုတ်ခမ်းထက်ကနေ
စွှန့် လွှတ်လိုက်ပါပြီ…
ပြေးကြည့်လို့ မရနိုင်တဲ့
ရင်ဘတ်အမှောင်ခြမ်းမှာ
သူ ဆိုတဲ့ပုံရိပ်ကိုထည့်သွင်း
အားလုံးကိုမြှုပ်နှံလိုက်ပါပြီ…
                               ရွှေကြယ်မိုး

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်