Saturday, March 10, 2012

နွေ-ရွှေကြယ်မိုး

မီးပြင်းပြင်းကျအောင်ကို ပူပြင်းရဲ့
ကမ္ဘာအဆက်ဆက် ကွာခြားသွားအောင် ပူပြင်းရဲ့
နှလုံးသားတွေ ကွဲရှသွားလောက်အောင် ပူပြင်းရဲ့

ရိုးပြတ်တွေမှာ တံလျှပ်တွေထ
ဒီလိုနဲ့…သူ့ခေါင်းထက်က ပန်းတွေလည်းကြွေ
နှစ်ယောက်သားလမ်းမှာ အလွမ်းတွေနဲ့ဝေ…

နွေ…
နွေ…
နွေ…
ဥသြတွေတွန်တဲ့…နွေ
ငါတို့နှစ်ယောက် မဆုံဖြစ်ကြတော့တဲ့…နွေ
                                                ရွှေကြယ်မိုး
                                     (2/25/2012-1:33 PM)

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်