Friday, July 6, 2012

စင်ပေါ်မှာ မကတဲ့ ပြဇာတ်-လင်းညီညာ


ပတ်မကြီးရဲ့ ထီထီဆိုတဲ့ မြည်သံ
နောင်…နောင် လို့အော်တဲ့ ကြေးမောင်းတွေရဲ့ အသံ
‘ပတ်စာခွံ့ရင်း အသံစမ်းပါသတဲ့’ ပတ်ဝိုင်းရဲ့ အသံ
ချွဲချွဲ နွဲ့နွဲ့ ………နှဲ
ဒရမ်သမားရဲ့ ခပ်ပြင်းပြင်း ရိုက်ချက်တွေ
လိဒ်ဂစ်တာသမားရဲ့ ဆွဲမွေ့လိုက်ပါတဲ့ ဂီတသံ
အနီရောင်နဲ့ အစိမ်းရောင်ကို ရောထပ်လိုက်ရင် အ၀ါရောင်ရသတဲ့
ဆလိုက်မီးသမားရဲ့ မှာကြားသံ
အသံ၊ အသံတွေ
အသံတွေမလို
အားလုံး အားလုံးမလို
မတိမ်းမစောင်း ဗိန်းမောင်းတိုက်စရာမလို
ကျားက သမင်ကို မြိုခန်း
ဇာတ်ဆရာအခန်းကို မင်းသမီးဝင်တာ မဆန်းပါတဲ့
တစ်ယောက်၊ တစ်ယောက်ချင်းသာ ဖျော်ဖြေလို့ ရတဲ့ပွဲ
ဆိုင်းဝိုင်းတွေ မီးဆလိုက်တွေနဲ့ လွတ်ကင်းရာမှာ
ပွဲမ၀င်ခင် အပြင်မှာ ကျင်းပရှာတဲ့
စင်ပေါ်မှာ မကတဲ့ ပြဇာတ်။      
                             လင်း ညီ    ညာ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်