Friday, June 29, 2012

တစ်ဘ၀စာ-လင်းညီညာ


v  မငိုပါနဲ့လားကွယ်
တို့ဝေးရမှာ ခဏပါ လို့
လီဆယ်ပြီးဖြစ်ဖြစ်
ငါ ကျိန်ပြောပစ်ချင်ပါတယ်။      

v  မငိုပါနဲ့လားကွယ်
သေချာခဲ့ပြီဆိုပေမယ့်
ကျန်နေသေးတဲ့ အချိန်မှာ
ညင်သာစွာပွေ့ထွေး
“သစ္စာတိုင်”တေးကို ဆိုကြမယ်။ 

v  မငိုပါနဲ့လားကွယ်
အဓိပတိလမ်းက စွယ်တော်ရွက်တချို့ကို
တို့ သစ္စာပြုလို့ ထားကြမယ်လေ
အရှေ့ပိုင်းတက္ကသိုလ် သမိုင်းတစ်ခေတ်မှာ
တို့နှစ်ယောက်သာ အချစ်ဆုံးလို့။

v  မငိုပါနဲ့လားကွယ်
ဆုံဆည်းခဲ့တာ ခွဲခွါဖို့ဆိုပေမယ့်
တို့နှစ်ယောက်အတွက် အဆုံးသတ်က
ရက်ရက်စက်စက်ခါးသက်နေခဲ့တာ
ငါတို့နှစ်ဦးကြား နှလုံးသားက
နားလည်ထားပေမယ့်
ခဏလေးဖြစ်ဖြစ်
ချစ်သူရင်ခွင် ခိုဝင်မှေးလှည့်ကာ
မျက်ရည်တွေပါ သုတ်လိုက်နော်
                             လင်းညီညာ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်