Friday, June 29, 2012

သားပြန်လာမယ့်နေ့-လင်းညီညာ

 
တစ်စုံတစ်ရာကိုများ
သူ
မျှော်လင့်နေခဲ့သလား
ခွါရာတွေ ထောင်းထောင်းထအောင်
မည်ဟီးလောင်မြိုက်ပြီး
ဒဏ်ရာ အမာရွတ်တွေနဲ့
ဆို့နင့်နေတဲ့ ရင်အစုံဆီက
တစ်စုံတစ်ယောက်ကိုများ
သူ…မျှော်လင့်နေခဲ့သလား။             

မိုးချုပ်စ နေရီရီရဲ့
မပီဝိုးတ၀ါး အလင်းမှုန်တွေကြား
တစ်စုံတစ်ယောက်ကိုများ
သူ ရှာဖွေနေခဲ့သလား။       

မချိတင်ကဲ ခံစားချက်တွေကို
သူ ဘယ်လိုများ အံကြိတ်ခံစားခဲ့ပါလိမ့်
ဘယ်လောက်များ အံကြိတ်ခံစားခဲ့ပါလိမ့်။       

သူကျခဲ့ရတဲ့ မျက်ရည်တွေထဲမှာ
ကရုဏာဒေါသတွေရယ်
မကျေမနပ်ခံစားချက်တွေရယ်
ရေအိုးအောက်က ကရွတ်ခွေလို
ဖြည်းဖြည်းချင်းရိရော်လာတဲ့ မျှော်လင့်ချက်တွေရယ်
ဒွေးရောယှက်တင် မျောပါလို့။          

မျှော်လင့်ချက်ကြီး တစ်ခွဲသားနဲ့
ထွက်ခွါသွားတဲ့ သားကိုငေးရင်း
(တစ်ချိန်တုန်းက)
ဂုဏ်ယူစွာ ပြုံးပြလို့ ကျန်ခဲ့ဖူးသူ
အခုတော့လည်း မျက်ရည်တွေဝေလို့။            



Libreal
Democracy
Arthis သူမသိရှာ
တစ်စုံတစ်ရာကို မျှော်လင့်နေခဲ့တာတော့
အသေအချာ။      

ဘယ်တော့လဲ
ဘယ်နေ့လဲ
ဘယ်နေရာမှာလဲ
သူ မမေးတော့ပါဘူးကွယ်
ဝေသီမှုန်ဝါးနေတဲ့ မျက်လုံးအစုံနဲ့
သူ မြင်နိုင်သလောက်
တစ်စုံတစ်ယောက်ကို ဝေ့၀ိုက်ရှာဖွေရင်း
တစ်စုံတစ်ရာကို မပီမသရွတ်ဆိုရင်း
သူ ငြိမ်သက်သွားခဲ့တယ်
သူ ငြိမ်သက်သွားခဲ့ရတယ်။             

တစ်စုံတစ်ရာကို
(သို့မဟုတ်)
တစ်စုံတစ်ယောက်ကို
သူ မျှော်လင့်နေခဲ့တာတော့
အသေအချာ။                  
                        လင်း   ညီ   ညာ




No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်