Friday, July 6, 2012

ငါ့...ဦးနှောက်ကို မကိုင်နဲ့-လင်းညီညာ

ကမ္ဘာကြီးအရမ်းပူနေပြီတဲ့
CO2 တွေများတာ ငါ့ကြောင့်လား

အိုဇုန်းလွှာတွေပေါက်ကုန်ပြီတဲ့
ငါ သောက်တဲ့ ဆေးလိပ်ငွေ့တွေကြောင့်လား

ပင်လယ်ရေတွေ ညစ်ညမ်းနေပြီတဲ့
ငါဆင်းကူးခဲ့တဲ့ မြစ်ရေကြောင့်လား

မြေအောက်ရေတွေ ခန်းခြောက်နေပြီတဲ့
ငါ သောက်ခဲ့တဲ့ရေတွေကြောင့်လား

သစ်တောတွေ ပြုန်းတီးကုန်ပြီတဲ့
ငါ နှုတ်ခဲ့ရတဲ့ မြက်ပင်တွေကြောင့်လား
…………………………………………..?
……………………………………………?

“သစ်ပင်လေးတွေ စိုက်ကြမယ်”တဲ့
အချိန်တန်တော့လည်း ခုန်လှဲခံရဦးမှာပါပဲ
(ဘာရယ် မဟုတ်ဘူး)
ငါလည်း သစ်ပင်တစ်ပင်တော့ စိုက်ရမယ်
ကမ္ဘာကြီး သာယာဖို့လည်း မဟုတ်ဘူး
ကမ္ဘာကြီးကို ကယ်တင်ဖို့လည်း မဟုတ်ဘူး
ငါနဲ့ အပြိုင်ရှင်သန်ဖို့နဲ့
ငါသောက်တဲ့ ဆေးလိပ်ငွေ့တွေ ရှုရှိုက်ဖို့။         
                                    လင်း    ညီ       ညာ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်