Monday, August 13, 2012

မာယာ-တာရာမင်းဝေ



သူရှာတာက
သူရဲ့ "နှင်းဆီပွင့်" တဲ့
(ဟုတ်မဟုတ်တော့ မသိဘူး)

တိတ်တိတ်ကလေးရွေ့လျားလာရင်း
နောက်ဆုံးမှာ သူဟာ. . .
မှော်ရုံကို ရင်ဖွင့်ကြည့်လိုက်တယ်
(ဘာကိုမြင်သလဲဆိုတာ မပြောဘူး)

အဲဒီလိုနဲ့
သိန်းခိုမြို့ကြီးလည်း
မီးပုံထဲကို တစ်ရှူးထိုးခုန်ချ
(မျက်မြင်သက်သေမရှိဘူး ဒါပေမယ့်... သေချာတယ်)

သူကတော့
သူ့အမြင်အတိုင်း ပြန်ပြောပြတယ်
"စကြာဝဠာက
နှင်းဆီပွင့်ကလေးကို မျိုချလိုက်တာ" တဲ့
နားထောင်ကြည့်လေ (အဲဒီနောက် သူထွက်ခွာသွားလေရဲ့
အခုတောင် မြင်းခွာသံတွေကို ကြားရသေးတယ်)

တာရာမင်းဝေ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်