အဓိပတိလမ်းကထွက်ခဲ့တဲ့ ပင်နီတိုက်ပုံများ
ရွှေတိဂုံ စနေထောင့်မှာ
မားမားရပ်လို့
အိုးဝေ တွန်ကြူးသံက
မြင်းခွါတွေ ပေါက်ခဲ့
အရိုးတွေ တောင်ပုံနဲ့
၈၈ရဲ့လမ်းတွေပေါ်
ကျွန်တော်တို့ ကဗျာနောက်ဆုံးအပိုဒ်မှာ
ကျောင်းနရံတစ်ဝိုက်
ဒေါင်းအလံ ပြန်စိုက်နိုင်ခဲ့တယ်။
မင်း
ကို နိုင်
(ဒီဆိုက်လေးမှာ တင်ဖို့ ကိုပေါ် (၀ါ) ကိုမင်းကိုနိုင်ဆီက
ကဗျာတွေ တိုက်ရိုက်တောင်းခံခဲ့သလို တခြားတဆင့်မှ
ရရှိတာတွေလည်း ရှိပါတယ်)
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ