Sunday, November 20, 2011

သေလူ-တာရာမင်းဝေ

ငါဟာ မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် … ဘယ်ဝါးကျည်တောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး။


ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် … ဘယ်ဓားအိမ်ထဲမှာမှ
အိပ်မက်မက် မနေခဲ့ဖူးဘူး။


နောက်တော့…
ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ်။
ငါ့ကိုယ်ငါ ပြန်ဖတ်လို့မရတော့ဘူး။


အဲဒီလိုနဲ့
ငါဟာ အရက်တစ်ပုလင်းဖြစ်သွားတယ်
ငါ့ကိုဘယ်သူက ဝင်ပလုတ်ကျင်းမလဲဆိုတာကို
စောင့်နေတယ်။
                              တာရာမင်းဝေ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်