Tuesday, November 29, 2011

ညောင်ဦးကမ်းပါးပြိုခြင်း

"ညောင်ဦးကမ်းပါးပြိုခြင်း"





လှုပ်လှုပ်သဲသဲ
ကမ္ဘာ့စီးပွားရေး ဂယက်...။

ဘီလျံတွေ...
မီလျံတွေ...
ဟော..ခနဲ ထွက်လာတဲ့ ငွေတွေ...။

ကျီးကြည့် ကြောင်ကြည့်
တောင်ကြည့် မြောက်ကြည့်
ကျီးလန့်စာစား...။

ဘယ်တော့များ လူလျှော့မလဲ...
ဘယ်တော့များ အလုပ်ပြုတ်မလဲ...
ဘယ်တော့များ ရှယ်ယာတွေ ရှုံးမလဲ...။

ဟော.. တစ်ယောက်...
ဟော.. တစ်ယောက်...
အမွဲစာရင်း ကြေငြာဖို့ ပြင်ဆင်နေကြတယ်...။

အနောက်ကနေ အရှေ့
အရှေ့ကနေ အနောက်
ယှက်သွယ်တဲ့ စီးပွားရေးကွန်ယက်
အပြိုပြို အလဲလဲ စတင်နေတော့...

ဘာမဆိုင် ညာမဆိုင်..
ဘိုကလေး အောက်ဘက်
ကဒုံကနိရွာက
ဆင်းရဲသား ကလေးငယ်တစ်ယောက်
ထမင်းဆာ လို့ ငိုညည်းနေရဲ့....။ ။


ဇေသန်း

သံလွင်ဆိုက်ကနေဖော်ပြတာပါ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်