Tuesday, November 29, 2011

ငါ့အကြောင်းနဲ့ ငါ

တလက်ကတလက်သာ ပြောင်းပြီး
ဘာမှ ပိုကောင်းမလာတဲ့ အရာတဲ့...

သူ့ရဲ့ လောင်းရိပ်အောက်မှာ
အေးစိမ့်ပျစ်ခဲမှုနဲ့ နွမ်းလျ...

သတိတရရဲ့ အထွက်မှာ
အက်နေတဲ့ ပက်ကြားတွေနဲ့
အပစ်ပယ်ခံ ဖယောင်းတစ်တုံးလေ...

မီးထိတိုင်း အရည်ပျော်ကျနေလိုက်တာ
အဆုံးမှာတော့ ချောတိုင်တက်သလို
အလံယူပြီး ပြန်ဆင်း
ဒုံရင်းက ဒုံရင်း ဖြစ်မြဲ...

အသဲတွေက ကွဲလိုက်ဆက်လိုက်နဲ့
ခံစားမှု အတက်အဆင်းမှာ
ရေလိုက်ငါးလိုက် နေသားတကျ
ဒါတွေထက် အရေးကြီးတာ
နေ့လည်ကြီး
ငါ.. အလွမ်းနာကျလို့ ... ။

ခန့်ငြိမ်းသက်

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်