Thursday, November 24, 2011

ခရီးသွားတစ်ဦး-တာရာမင်းဝေ

မိုးကလည်း တငွေ့ငွေ့ရွာတယ်
ဘာကိုမှ မစိုရွှဲခဲ့တာကလွဲရင်
ရင်ထဲကို ရေ၀င်ခဲ့ရ။
နတ်ပူးမှာတော့ မကြောက်ပါဘူး
လူစုန်းပူးရင်တော့ နံတတ်တယ်။
နက်ဖြန်ခါ ဘယ်သူပြန်လာမလဲ။
စောင့်ဆိုင်းရင်း နှင်းတွေသည်းပြန်ရော
တောင်လေလာရင် ရွေ့မယ်လို့
တစ်နေ့တစ်နေ့ ပူကျက်ခဲ့ရတဲ့တိမ်
အခု အိမ်ပြန်ရောက်ပါပြီ။

ကိုယ်ရေးကိုယ်တာ ပုရပိုက် – တာရာမင်းဝေ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်