Sunday, January 15, 2012

စွယ်တော်-ကိုကြည်နိုင်

ကွယ် …  …
စင်္ကြာဝဠာအနန္တမှာ အဘယ်သစ္စာတရားတွေကများ သူ့လောက်ခမ်းနားဖူးပါသလဲ
တစ်ရိုးတစ်ညှာ နှစ်လွှာတစ်ရွက်
သံသရာအဆက်ဆက်က ပန္နက်ခဲ့လေသောအက္ခရာ
ကမ္ဘာဦးမှာလည်း သူတို့တွေ ဖူးခဲ့ကြပါလိမ့်မယ်
ဒီမြေကြီးသုဉ်းမယ့်နေ့ထိ သူတို့ရှိနေလိမ့်မယ်
ယုံတယ်။

သို့ …  …
စွယ်တော် သိစေရန်
မေတ္တာတရားဖြင့် ထုံမွှမ်းဖွဲ့တည်လေသော တမန်တော်
သစ္စာတရား၏ အမှတ်တံဆိပ်အဖြစ်ခတ်နှိပ်
သင်၏သမိုင်း
စင်္ကြာဝဠာတံတိုင်း၌  မြဲစေ ….  … ။

ကိုကြည်နိုင်

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်