Wednesday, February 15, 2012

ရင်ကွဲစများ ၃ -ကိုသျှား

သစ်ရွက်တွေနဲ့အတူ ငါ့စိတ်ဟာ တဖွဲဖွဲ ကြွေကျနေတယ်
အတူတူထိုင်ခဲ့ဖူးတဲ့ခုံပြာတန်းလေးဟာ
ကြောက်မက်ဖွယ် တိတ်ဆိတ်လို့
မင်းစောင့်မျှော်နေခဲ့ချိန်တုန်းက ငါ ရောက်မလာနိုင်ခဲ့သလို
ငါ ပြန်လာချိန်ကျတော့လည်း မင်းရှိမနေတော့ဘူး
အေးစက်သွားတဲ့လက်ဖက်ရည်ခွက်ကို ငေးကြည့်ရင်း
ကျောင်းတံခါးကို ခေါင်းလောင်းထိုးဖွင့်ခဲ့တဲ့
မင်းရယ်သံလွင်လွင်လေးတွေအကြောင်း
အဝေးပြေးအလွမ်းတွေ ရင်လုံးကျွတ် ပွင့်လာတယ်
မင်းက တစ်မြို့ ငါက တစ်ရွာ
မင်းမမြင်ကွယ်ရာက ငါ့ဘ၀ တောမှောက်နေချိန်မှာ
ငါမကြားရာက မင်းဘ၀ တော်လဲသံတွေ ထစ်ချုန်းနေမလား
ဘ၀ဟာ တိုက်ပွဲဆိုရင်
ဓားစာခံဖြစ်ခဲ့ရတဲ့ကလေးငယ်ဟာ ချစ်ခြင်းမေတ္တာပါပဲကွယ်
                                                                ကိုသျှား

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်