Sunday, February 19, 2012

ကွယ်လွန်သူအတွက် ဆုတောင်းတေး-ဇေယျာလင်း

သက်ရှိတွေ မဟုတ်ဘူး ကွယ်လွန်သူတွေ
ကမ္ဘာကြီးပျက်တဲ့နေ့ ခရမ်းရောင်ကောင်းကင်အောက်မှာ
အစုလိုက်အဖွဲ့လိုက် သွားနေကြတယ်
ဝေဒနာခံစားရခြင်းဟာ ဝေဒနာခံစားရခြင်းကို လမ်းပြတယ်
မုန်းတီးမှုရဲ့ အဆုံးသတ်ဟာ မုန်းတီးမှု
စမ်းချောင်းလေးဟာ ခြောက်ခန်းသွားခဲ့ပြီ
အကြီးအကျယ်လောင်တဲ့မီးဟာ အတောမသတ်နိုင်ဘူး
ပြန်လှည့်ဖို့လမ်းဟာ ပိုလို့ဝေးတဲ့ ဟိုအဝေးမှာ

သံခမောက်တွေရဲ့ အချင်းချင်းဆောင့်လိုက်တဲ့ကြားမှာ

နတ်ဘုရားတွေ မဟုတ်ဘူး ကလေးငယ်တွေ
ဆုတောင်းစာတွေရွတ်ကြတယ်
မိခင်တွေဟာအလင်းရောင်တွေ မွေးဖွားတယ်
အမှောင်ထုဟာ မိခင်တွေကို ရှူရှိုက်တယ်
ကျောက်တုံးဟာ လိမ့်တယ်
နာရီဟာ နောက်ပြန်သွားတယ်
နေကြတ်ခြင်းဟာ ဆိုက်ရောက်ခဲ့ပြီ

မင်းတို့ရဲ့ ခန္ဓာကိုယ်တွေမဟုတ်ဘူး မင်းတို့ရဲ့ ၀ိဥာဉ်တွေ

နှစ်တိုင်းမှာ အားလုံးတူညီမွေးနေ့ကို ရရှိကြမယ်
မင်းတို့အားလုံးဟာ သက်တူရွယ်တူတွေပဲ
မေတ္တတရားဟာ ကွယ်လွန်သူတွေအတွက်
ထာဝရပေါင်းစည်းမှုကို ထူထောင်ခဲ့ပြီ
မင်းတို့အချင်းချင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကြ
ကွယ်လွန်ခြင်းများရဲ့
ကြီးမားများပြားလွန်းတဲ့ မှတ်တမ်းထဲမှာ။ ။
                                             ဇေယျာလင်း
Old Snow မှ ‘Requiem’ 
ဘာသာပြန်ကဗျာလေးပါ... ဟောဒီနေရာ ကလာတာပါ
ဝင်လေ့လာလို့ရပါတယ်...လင့်ချိတ်ပေးထားပါတယ်

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်