Saturday, February 25, 2012

ကြယ်ပျက် (စိုင်းဝင်းမြင့်)

စားရေရိက္ခာ ကြွယ်ဝသလို
ချစ်ခဲ့ …
စားရေရိက္ခာ ဖြတ်တောက်ခံရသလို
လွမ်းခဲ့ …။

အချိုရည်ရွှန်းတဲ့နေ့
ရနံ့သင်း အပွင့်ထွားတဲ့ည
ဆုတောင်းလို့လည်း မရ
ဆွတ်ခူးလို့လည်း မရ။

တစ်ယောက်ကိုတစ်ယောက် မြင်နေရတာက
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ။
တစ်ယောက်ဆီတစ်ယောက် ရောက်ရှိဖို့က
အလင်းနှစ် သန်းပေါင်းများစွာ။

ဒီမှာငှက်ဖြစ်တာတောင်
တစ်ကိုင်းတည်း နားခွင့်မရှိတော့ဘူး။  ။
                                                               စိုင်းဝင်းမြင့်
/* ကဗျာဆရာ စိုင်းဝင်းမြင့်ရဲ့ တစ်ယောက်တည်းစကား ဆိုတဲ့ ကဗျာစာအုပ်ကပါ။ ။ */
ကျွန်တော်ရရှိခဲ့တဲ့ မူလနေရာလေးကတော့ ပိုဝမ်ကော်နာ ကပါ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်