Friday, June 29, 2012

တစ်စုံတစ်ရာ-လင်းညီညာ

ª       ရေကန်ကလည်း အသင့်
ကြာကလည်း အသင့်
ပွင့်မယ့်သူကိုသာ မျှော်နေ။       

ª       သူ
ကမ္ဘာကို ပတ်ပါစေ
ငါ
ဖိနပ်ချွတ်မှာပဲ ရပ်နေ။   

ª       မီးအိမ်ကိုလည်း မဆွဲပါ
အဆိပ်ခွက်ကိုလည်း မမော့ပါ
ငါ
ဖိနပ်ချွတ်မှပဲ ရပ်နေ။    

ª       သူက စောင့်ရမှာလား
ငါက စောင့်ရမှာလား
အမှန်တရားတစ်ခုကတော့ ရောက်နေနှင့်ပြီ
                             လင်းညီညာ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်