Thursday, June 28, 2012

နေ၀င်ချိန်

ကဗျာရယ်......
လိုရာမရေးနိုင်ခဲ့တဲ့သ၀ဏ်လွှာတွေအတွက်.
တစ်ထစ်ချန်မာန်ပြန်တင်းစရာ
ခဲဖျက်ကလေးသာရှိခဲ့မယ်ဆိုရင်
ငါတို့မဝေးခဲ့ဘူး....
ကဗျာရယ်.....
် မငဲ့ကွက်ခဲ့တဲ့လွမ်းခွဲမှု့တွေအတွက်
ကံတရားရဲ့ဝင်္ကပါ ကိုမြင်နိုင်ဖိ
ဖယောင်းတိုင်လေးသာရှိခဲ့မယ်ဆိုရင်
ငါတို့မဝေးခဲ့ပါဘူး..
ကဗျာရယ်.....
အမှန်ကိုမမြင်နိုင်တဲ့အသိတွေအတွက်
ငါတို့ခန္တာကို အမှုးပြေစဉ်ဟာ
နေ၀င်ချိန်ဖြစ်ခဲ့လို့လား
ကဗျာရယ်...
ဘ၀ဆိုတာနှစ်နာရီထဲမှမဟုတ်တာ
ရုပ်ရှင်ထဲက မင်းသားလောက်တော့
နင့်အပေါ် ဘယ်ကောင်းနိုင်မှာလဲဟာ
ခုချိန်မှတော့....
ဘယ်ဟာကို အမှန်တရားလို့ မြင်နေရမှာလဲ
အိမ်မက်ဟောင်းတွေသာ ထပ်ခါပြန်မက်နေမိပီ..
ကဗျာရယ်.....
ကဗျာသီဆိုခဲ့တဲ့ ကဗျာတု ကဗျာတွေကို
ကဗျာဆရာတစ်ယောက်ရဲ့ရင်မှာ
အရိုးစွဲအောင်မှတ်လိုက်ပါပီ....
ကဗျာရယ်...
အမှန်မမြင်ခဲ့တဲ့ ညံဖျင်းမှု့တွေအတွက်
နေ၀င်ချိန်ဟာအပြစ်မဟုတ်ဘူးဆိုရင်
အဲ့ဒီညရဲ့တရားခံဟာ
အထွက်နောက်ကြတဲ့လမင်းလား..
ကြွေကြသွားတဲ့ကြယ်ကလေးလား..
ငါထုတ်ပြခဲ့တဲ့ဝှက်ဖဲတစ်ချပ်လား..
မသေချာခဲ့ပါဘူး....
ကဗျာရယ်..
ကမောက်ကမ နဲ့ စခဲ့တဲ့ လမ်းခွဲမှု့ဟာ.
သပ်သပ်ရပ်ရပ်နဲ့ကို ပြီးဆုံးသွားခဲ့တယ်..
နင်ပဲရက်စက်ခဲ့တာလား.....
ငါပဲ..မငဲ့ကွက်ခဲ့တာလား.....
ခြေလှမ်းတွေနောက်ဆုတ်ကြည့်မယ်ဆိုရင်
အတ္တရောင်တွေနဲ့ ငါတို့လျှောက်ခဲ့ကြတဲ့လမ်းမမှာ
မဖက်တွယ်ခဲ့တဲ့ မေတ္တာရယ်....
မရစ်ပတ်ခဲ့တဲ့ကြိုးတစ်ချောင်းရယ်
မမြဲခဲ့တဲ့လက်တစ်စုံကတော့
ငါတို့ကို ကျိန်ဆဲနေကြပြီ....
ထပ်ပြောရရင်တော့...
ကမောက်ကမ နဲ့ စခဲ့တဲ့ လမ်းခွဲမှု့ဟာ.
သပ်သပ်ရပ်ရပ်နဲ့ကို ပြီးဆုံးသွားခဲ့ပါတယ်....

နေသာ....www.naytar.blogspot.com   

 www.poemyae.blogspot.com
 ကိုဝင်ရောက်လေ့လာ
ကြည့်ရှု့အားပေးကြသော  သူငယ်ချင်းများနှင့် အခြားအခြား
သော  သူငယ်ချင်းများအား.. ကဗျာနှငိ့ နည်းပညာဆိုဒ်တစ်
ခုဖြစ်သော ကျွန်တော်မောင်နေသာ ၏ ကိုယ်ပိုင် ၀က်ဆိုဒ်
www.naytar.blogspot.comမှ ၀မ်းမြောက်စွာ လေးစားစွာ
ဖြင့် ကြိုဆိုလျှက်ရှိပါကြောင်း.....
နေသာ.........

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်