Friday, July 6, 2012

7ဂျူလိုင်-သိန်းသန်းဦး

7july ဆိုတာ
ဖြူစင်သန့် ရှင်းတဲ့တက္ကသိုလ်မြေမှာ
အနာဂတ်ရဲ့ သားကောင်းသမီးကောင်းတွေ
အပြစ်မရှိတဲ့ကျောင်းသားကျောင်းသူတွေ
သွေးစွန်းခဲ့ရပြီ

အလွန်တရာမှသန့် ရှင်းတဲ့
ကံကော်မြေမှာ
ယမ်းနံ့ တွေ ဆဲဆိုသံတွေ အော်ဟစ် ညီးညူသံတွေ
ဖုံးလွမ်းခဲ့ရပြီ

ကျောင်းသားတွေရဲ့ ဘ၀တွေ
သေနတ်ပြောင်းဝမှာစွန့် လွှတ်ခဲ့ရပြီ
ကျောင်းသားတွေရဲ့ အသက်တွေ
သေနတ်ပြောင်းဝမှာစတေးခဲ့ရပြီ

အာဏာရှူးစစ်ဘီလူးတွေရဲ့ 
၃မိနစ်ပစ် ၂မိနစ်နားဆိုတဲ့အမိန့် ထဲမှာ
ခွပ်ဒေါင်းကျောင်းသားတွေ
ကျဆုံးခဲ့ရပြီ
ဆုံးရှူံးခဲ့ရပြီ

ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ
ဘယ်လောက်ခံပြင်းစရာကောင်းလဲ

မြင်အောင်ကြည့်လိုက်ပါ
ပေတရာပေါ်မှာ
ခွပ်ဒေါင်းကျောင်းသားတွေရဲ့ သွေးတွေ
မခြောက်သေးပါဘူး

သေချာနားထောင်ကြည့်လိုက်ပါ
ခွပ်ဒေါင်းကျောင်းသားတွေရဲ့ 
တောင်ပံခတ်သံတွေ
အရိုးတွန်သံတွေ
ကြားရပါတယ်

"၀ုန်း"
ဇူလိုင်(၈)ရက်
မနက်စောစောမှာ
ခွပ်ဒေါင်းကျောင်းသားတွေရဲ့ 
နားခိုရာဘုံဗိမ္မာန်
မိခင်အဆောက်အအုံဆိုလဲမမှားတဲ့
သမဂ္ဂအဆောက်အအုံကြီး
ဖျက်ဆီးခံရပြီ
ဖြိုဖျက်ခံရပြီ
"ကျုပင်ခုတ် ကျုငုတ်ပါမကျန်"ဆိုတဲ့အတိုင်း
သူတို့ ရက်စက်ကျပြီ
ခွပ်ဒေါင်းတွေမီးသင့်ကုန်ကျပြီ

သြော်........လုပ်ရက်လေခြင်း

                                            ကမ္ဘာမကြေဘူး



သိန်းသန်းဦး(2:00am)

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်