ညက
ညရဲ့ အရသာကို ပြည့်ပြည့်၀၀
မခံစားနိုင်တဲ့
ညက
ညကို
ညဟာ ညပါလားလို့
အထပ်ထပ်ပြန်သတိပေးရင်း
ညက
ညကို
ညနဲ့တူအောင်
ညယောင်ဆောင်ပြီး
ညက
ညကို
ပြန်လွမ်းရတဲ့ ညလေ။ ။
လင်းညီညာ
ဤဆိုက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာပေသဟာယအသင်းကြီးအတွက် ပင်မကဗျာ ရေစီးတစ်ခုဖြစ်စေရန် စုစည်းပေးသော နေရာ တစ်ခုဖြစ်သည်။ ကျောင်းသားကျောင်းသူများနှင့် ၀င်ရောက်အားပေးသူ ကဗျာချစ်သူအားလုံးကို အထူးကျေးဇူးတင်ပါသည်။
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ