သူ့ နံမည်အရင်းက
ကဗျာမဟုတ်ပေမဲ့
သူဟာ ကျွန်တော့်ရဲ့
ကဗျာပေါ့…..
ကျွန်တော့်နှလုံးသားတွေ
သူ့ ရှေ့ မှာချခင်းတော့
ကဗျာကရယ်တယ်…
ပွင့်သစ်စရနံ့ တွေကလည်း
သူ့ ဘေးမှာခစားလို့ ပေါ့…
ကဗျာဟာ ကဗျာတင်မကပဲ
ပန်းချီကားတစ်ချပ်လည်းဖြစ်နေတယ်…
ကဗျာရဲ့အပြုံးမှာ……….
ကဗျာပေါင်းများစွာ စီးဝင်နေတယ်…
အိပ်မက်တွေ……
စကားလုံးတွေ…..
သူ့ ဆီမှာကျွန်တော်တွေ့ နေရတယ်…
မှတ်မှတ်ရရ ကဗျာ့ဆီက
အဆိပ်ဆူးတစ်ချောင်းလည်းရခဲ့ဖူးတယ်…
ကဗျာရယ်……
နင့်မျက်နှာလေးကို နောက်တစ်ကြိမ်
တွေ့ ရပါ့မလားဆိုတာ……
ရေးရေးလေးတောင် ငါမတွေးရဲဘူး…
ဘာပဲပြောပြော…..
အချစ်ဆိုတာ အချိန်မှန်
နာရီတစ်လုံးမဟုတ်လို့ 
ဆောင်းရောက်သည့်တိုင်
ကြေကွဲရတယ်…..
က…ဗျာ…ရယ်…
ရွှေကြယ်မိုး
၇ိုး၇ိုးလေးနဲ့ အရမ်းကိုကောင်းပါတယ် ကျနော်က ကဗျာတွေမရေးတတ်ပေမယ့် ကဗျာဖတ်ရတာဝါသနာပါသူပါ အစ်ကိုအောင်မြင်မှုများစွာဆွတ်ခူးနိုင်ပါစေ...
ReplyDelete