ချစ်သူက ယဉ်ယဉ်လေးပဲ
ပြုံးတတ်တယ်…
ပြီးတော့…..
ယဉ်ယဉ်လေးပဲ ငါ့ကိုသတ်သွားတယ်
ချစ်သူရဲ့ ရနံ့ က
ငါ့ရဲ့ သုညဆန်တဲ့အတွေးထိ
မွှေးပျ့ံစေတယ်…
ပြီးတော့ ငါ့နှလုံးသားကို
ဆေးလိပ်ငွေ့ လို လှိုက်စားသွားတယ်
ချစ်သူရဲ့ စကားက
ပျားသကာလိုချိုမြတယ်…
ပြီးတော့ ဓါးတကာထက်
ငါ့ရင်ကို ရှစေခဲ့တယ်…
ကျန်သေးတယ်…
ချစ်သူက လှည့်ဖျားတတ်တယ်
ချစ်သူက သူ့ ချစ်သူ ငါ့ကို
မချစ်ခဲ့ဘူး…
ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ