Tuesday, October 25, 2011

နေ၀င်သွားသောအခါ


                      ဘ၀ဆိုတာ ပင်လယ်ပြင်ကျယ်
                        တစ်ခုပါပဲ…
                        အဆင်မသင့်တဲ့ အခါတော့
                        ယုံကြည်ချက်အချင်းချင်း…
                        ရိုက်ခတ်မိကြတယ်…

                        တိတ်ဆိတ်ငြိမ်သက်စွာနဲ့ 
ကူးခတ်ကြပေါ့လေ…
အလင်းမဲ့မီးအိမ်တစ်လက်မို့ 
လောင်ကျွမ်းပေးမယ့် မီးတောက်ကို
လိုချင်မိတာ မဆန်းပါဘူး…
အသစ်သစ်သောဆန္ဒတွေနဲ့ 
ငါ့ ငယ်စဉ်ကအိပ်မက်လေး
ခု ဘယ်မလဲကွယ်…

မျှော်လင့်ချက်တွေက
ဆုံးခမ်းမတိုင်တော့ အိပ်မက်ဖြူလေး
မှေးမှိန်ခဲ့ရတယ်…
စားလက်စ ထမင်းလုပ်တွေ
ပြုတ်ကျတယ်…

ငါ ကိုယ်တိုင်က…
မှိတ်တုတ်မှိတ်တုတ်ပဲ
လင်းလက်ချင်ခဲ့တာပါကွယ်…
အလျှံညီးညီးနဲ့ ထွန်းတောက်မှာကို
ငါကြောက်တယ်…
ငါ့ကို ခွင့်လွှတ်လိုက်ပါ
မိန်းကလေးရယ်…

ပြီးတော့လည်း ပြီးသွားမှာပေါ့
နှုတ်ဆက်လိုက်ပါကွယ်…
နှုတ်ဆက်လိုက်ပါ…
မှိုင်းညှို့ ညှို့ နင့်အတွက်မှုန်ရီပျပျ
ဆည်းဆာအလွန် နတ်ဆိုးရေးတဲ့
ညဆည်းဆာရောက်လာတော့မယ်မဟုတ်လား?
နှုတ်ဆက်လိုက်တော့ကွယ်…
ဝင်းဝင်းမွတ်မွတ် အလင်းမပေးနိုင်တဲ့
ဒီ…..လူ…..ကို
နှုတ်ဆက်လိုက်တော့ကွယ်..
                                    ရွှေကြယ်မိုး
ကိုယ့်ချစ်သူကို အလင်းမပေးနိုင်ခဲ့တဲ့ သူတွေကြိုက်နှစ်သက်မှာပါ...။
ကျွန်တော်လည်း ကျွန်တော့်ချစ်သူကို အလင်းမပေးနိုင်ခဲ့ပါဘူး...။

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်