ခရေပန်းလေး မွှေးမြဲတမ်း
မွှေးပါစေကွယ်…
ဆောင်းကူးလို့ ရနံ့ တွေ မပြယ်ကြေးပေါ့
နှလုံးသွေးတွေ သွန်းလောင်းဖို့ 
မလိုအပ်ပါဘူးကွယ်…
အခိုးအငွေ့ နဲ့ တင် လန်းဆန်းနေခဲ့ပါတယ်…
အချစ်ကြီးချစ်သူဟာ
သူရဲကောင်းတော့ မဟုတ်ဘူးပေါ့လေ
ဒါပေမယ့် တိုက်ပွဲတိုင်းမှာ
ချောင်းမြောင်းလုပ်ကြံခံခဲ့ရတယ် မဟုတ်လား?
ဒဏ်ရာတွေအထပ်ထပ်နဲ့  ကြွေးကြော်ခဲ့တာက
‘သူမအတွက် ပေးဆပ်ခြင်းတဲ့’ …
ဒါကြောင့် ဟိုးအဝေးမှာ ဥသြတွေ
ရင်ကွဲပက်လက်ငိုကြွေးလိုက်ကြရတယ်…
သူမက…
ဆောင်းဦးည 7:00 ကျော်မှာ
တောက်ပတတ်တဲ့ ကြယ်အကြောင်း
သိပါတယ်တဲ့…
တနယ်စီဝေးနေပေမယ့် ဒီကြယ်ပေါ်မှာ
အကြည့်ချင်းဆုံတွေ့ ခွင့်ရှိရဲ့…
ငါ့ရင်ထဲကစကားသံတွေ နင့်နားတော်မှာ
ပဲ့တင်ထပ်နေဦးမှာပေါ့ကွယ်…
တဖြည်းဖြည်းနဲ့ 
ဆောင်းစက်တွေရင့်လာဦးမယ်တဲ့
မိုးစက်တွေရယ်…အခါမလင့်ခင်
ထွက်သွားပါတော့ကွယ်
ငါ့ကိုယ်နွေးဓါတ်လေးက ဟိုးအဝေးမှာ…
လှမ်းကြည့်ရုံနဲ့ နွေးမိပါရဲ့…
အချိန်က အကောင်းဆုံးဆေးဆရာဆိုတာ
မဖြစ်နိုင်တော့ပါဘူးကွယ်…
တို့ တွေက သံသရာအဆက်ဆက်
တွယ်ငြိခဲ့ကြပြီပဲ…
ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ