Tuesday, November 29, 2011

မြေပြင်-တိုးဝေ


အိနြေ္ဒရှိလိုက်သမှ
စံထားလောက်တယ်။

ဒီမှာ မနက်ဖြန်ရဲ့
ကျိတ်ခိုးရယ်သံများ
ခြေဖ၀ါး အံဝှက်ထဲက
အတိုင်းသား ကြားလိုက်ရ
ယုံကြည်နေဆဲပါ…
လတစ်စင်းတည်းနဲ့
ညဟာလုံလောက်တယ်။

ဥပေက္ခာအချို့
အဝေးဆီ မှုန်ရီလျက်သား
ပျာကသီ မျက်လွှာချ
ခံစားဖူးတော့
ရတယ်လေ….။

ပန်းတွေ ပြုံးနေကြရဲ့
လျော်ကြေးအဖြစ်နဲ့
ပျားရည်တစ်စက်စီ
ပြန်သောက်ရင်းပေါ့။

အရုဏ်ဟာ
အိပ်မက်ကို ခေါက်သိမ်းချိန်မှာ
နှင်းမိုး မြူရိပ်တွေ
ကျကျန်ခဲ့
ဒီလိုမတော်တဆတွေနဲ့ပဲ
အနည်ကျ ကျောက်လွှာ
အထပ်ထပ်….
ရင်အုံထဲ
ပြည့်သိပ်ခဲ့ပြီ။ ။

တိုးဝေ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်