Sunday, November 20, 2011

လ-ရွှေကြယ်မိုး

ဘယ်တုန်းကမှ မပူလောင်ခဲ့ဘူး
အမှောင်မှာသာ လင်းထင်းခွင့်ရှိသတဲ့

အရိပ်လေးမြင်ရရုံနဲ့ အေးစေတယ်
အဝေးကြီးမှာဆိုတော့လည်းမေးထူခေါ်ပြောတောင်လုပ်လို့ မရ
အမှောင်တွေရယ်...အလင်းတွေရယ်
အပိုင်းအစတွေရယ် ခြားနားထားကြရဲ့...

ခုတော့...
ရွှေလမှာယုန်ဝပ်လို့  ဆန်ဖွပ်သည့်
အဖိုးအို ဟောကြည့်ပါဆို  ဆိုတဲ့ကဗျာလေး
ရွတ်တိုင်းဝမ်းနည်းနေရပြီ

ပြောပြကြပါ ကြယ်လေးတို့ ရယ်...
ဟောဒီ့ရင်မှာထိန်ထိန်သာခဲ့တဲ့
လမင်း
တစ်နေရာရာမှာ
ပုန်းအောင်းနေခဲ့သလားလို့ ပါ....
                               ရွှေကြယ်မိုး

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်