Sunday, November 20, 2011

ငါသေသွားတဲ့အခါ-တာရာ

ငါသေသွားတဲ့အခါ
နင် မျက်ရည်ကျလိမ့်မယ်
ဒါပေမယ့် ငါမသိပါဘူး
အဲ့ဒီအစား ခုပဲ ငါ့အတွက်ငိုပေးပါ..၊
ငါသေသွားတဲ့အခါ
နင် comment တွေပို့လိမ့်မယ်
ဒါပေမယ့် ငါမမြင်ပါဘူး
အဲ့ဒီအစား ခုပဲငါ့အတွက် ပို့ပေးပါ..။
ငါသေသွားတဲ့အခါ
နင်က ချီးမွန်းစကားတွေဆိုလိမ့်မယ်
ဒါပေမယ့် ငါမကြားပါဘူး
အဲ့ဒီအစား အခုပဲ ငါ့အတွက် ချီးမွန်းပေးပါ..။
ငါသေသွားတဲ့အခါ
နင် ငါ့အပြစ်တွေကိုမေ့သွားလိမ့်မယ်
ဒါပေမယ့် ငါမသိပါဘူး
အဲ့ဒီအစား ခုပဲ ဒါတွေကို မေ့ပေးပါ..။              ။ တာရာ

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်