Tuesday, November 29, 2011

တစ္ဆေ၇ုပ်၇ှင်-နေ၀ိုင်ဝိုင်


အခုမြင်နေ၇တဲ့ တိမ်မည်းထု၇ဲ့ နောက်ကွယ်မှာ
စိုစို၇ွှဲ၇ွှဲတောက်လောင်နေတဲ့ နေမင်းကြီး၇ှိတယ်။

လမ်းတွေဟာ ချိုင့်ခွက်သလို
ငါတို့ နှလုံးသားတွေကလည်း ချိုင့်ခွက်တယ်။

လေတွေကလည်း မွန်းကျပ် လှောင်အိုက်သလို
ငါ့ဘ၀တွေကလည်း မွန်းကျပ် လှောင်အိုက်တယ်။

ဂျာနယ်တစ်စောင်ကို ကောက်ဖတ်၇င်
ပထမဆုံးတွေ့၇မှာက သေခြင်းတ၇ား
စစ်ပွဲများ၊
သူ၇ဲကောင်းဆိုသူများ၇ဲ့ ဆူဖြိုးဖြိုးမျက်နှာပေးများ။

၇ထားတွေ
တစ်နေ့ဝင် တစ်နေ့ထွက်
အချစ်တွေ ၇ှည်လျားကြီး၇င့်သလို
၇က်စက်မှုတွေလည်း ၇ှည်လျားကြီး၇င့်မြဲ
ဒီနေ့ ... လူဆိုတာ ဘာလဲ။

၇ှိ၇င်းစွဲနဲ့ပဲ ကြေကွဲလိုက်ပါ၇ဲ့
လည်မျိုထဲက အသံတွေ
အက်ဆစ်တစ်ခွက်ထက်ပိုပြီး အဆိပ်အတောက်ဖြစ်ခဲ့။

ပျင်း၇ိဖွယ် ညှော်နံ့တွေနဲ့
ငါတို့ ဘ၀ကို တုံးအစွာ ခင်းကျင်းတင်ဆက်၇
တကယ်တော့ ဆာလောင်သူတစ်ယောက်အတွက် ပေါင်မုန့်တစ်လုံးလိုအပ်သလို
ဗိုက်ပြည့်သူတစ်ယောက်အတွက် ပေါင်မုန့်စက်၇ုံတစ်လုံး လိုအပ်နေတာမဟုတ်လား၊

မနက်လင်းလာတဲ့အခါ
ငွေနဲ့ ကြေးနဲ့
သနားဂ၇ုဏာနဲ့၊ နာကျည်းခံပြင်းမှုနဲ့
မ၇ှိမဖြစ်ဆိုတဲ့ ပြသနာတွေ ဖြေ၇ှင်း၇င်း
မ၇ှိဘဲလည်း ဖြစ်တတ်တဲ့ ဒုက္ခတွေစုပြုံချိတ်ဆွဲပြသ၇ာနေ၇ာ
ဟောဒီမြို့ကြီး၇ဲ့ ကိုယ်ကျင့်တ၇ားဆိုတာ
အပါစား အကာအကွယ်၇ဲ့ ထိပ်ဖျားလို ပါးတယ်။

နေ၀ိုင်ဝိုင်

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်