Tuesday, November 29, 2011

ရူးနေတဲ့ကမ္ဘာ-လူအိမ်


မော့ကြည့်တာ အလကားမဟုတ်ဘူး
ယမ်းသီးတွေကျလာမှာစိုးလို့တဲ့။

ကမ ၻာက
ငါတို့ထက် အသက်ကြီးတာမှန်ပါ၇ဲ့
ဒါပေမယ့် မ၇င့်ကျက်သေးဘူး

ကမ ၻာက
တ၇ားတော်တွေလည်း ၇ှိပါ၇ဲ့
တ၇ားဟောဆ၇ာတွေလည်း ၇ှိပါ၇ဲ့
ဒါပေမယ့် တ၇ားမ၇သေးဘူး

ကမ ၻာက
ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ
လူ့အသက်လဲ သန်းပေါင်း၇ာချီ ကြွေခဲ့ပြီ
ဒါပေမယ့် အမှတ်မ၇ှိသေးဘူး

ကမ ၻာက
ဘာသာေ၇းစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ
ဒါပေမယ့် နောင်တမ၇ချင်သေးဘူး

ကမ ၻာက
လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ
လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ
ဒါပေမယ့် အကြောက်အလန့် မ၇ှိချင်သေးဘူး

ကမ ၻာက
ထစ္ခနဲ၇ွိ
ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ

ထစ်ခနဲ၇ှိ
အကြမ်းဖက်မယ်
ဗုံးခွဲမယ်
လေယာဉ်အပိုင်စီးမယ်ဆိုတာချည်းပဲ

ကမ ၻာက
ခုခ်ိန္ထိ
ပြသနာကို
သေနတ်ပါမှ ၇ှင်းလို့၇တယ်ထင်နေတုန်းပဲ

ကမ ၻာက
မီးစကိုလည်း ကိုင်၇ဲ့
ေ၇မှုတ်ကိုလည်းကိုင်၇ဲ့
သံတမန်လို
လက်ဆောင်အောက်မှာ
သေနတ်ကိုလည်း ၀ှက်ယူလာ၇ဲ့
ကမ ၻာက
ခုခ်ိန္ထိ
ကမ ၻာကို အနိုင်ကျင့်ချင်နေတုန်းပဲ

ဒီခေတ်ကြီးကို
အိုင်တီခေတ်
ဂလိုဘယ်ခေတ်
မီဒီယာခေတ်
မျိုးစုံအောင် အဓိပ္ပါယ်ဖွင့်ဆိုနေကြ
ဒါပေမယ့်
ကမ ၻာက
ခုခ်ိန္ထိ
သူ့ကိုယ်သူ ကမ္ဘာလို့လည်း အသေအချာမသိ
လူမျိုးလိုလို
နိုင်ငံလိုလို
ဘာသာတ၇ားလိုလိုနဲ့
၇ူးချင်ယောင်ဆောင်နေတုန်းပဲ

အများကောင်းစားေ၇းလိုလို
ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့
ခုချိန်ထိ
၇သမျှအကျိုးစီးပွား
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ
ခုချိန်ထိ
ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ

ကမ ၻာက
အဆောက်အဦးကြီးတွေဆောက်ပါ၇ဲ့
အဖွဲ့အစည်းကြီးတွေ ဖွဲ့ပါ၇ဲ့
ဒါပေမယ့်
အဲဒီအဆောက်အဦးကြီးတွေဟာ
ဆင်း၇ဲမွဲတေတွေ၇ဲ့ မျက်၇ည်ဆိုတာ
ကမ ၻာ အေသအခ်ာမသိဘူး

ခုပဲ
သားေ၇ွှအိုးထမ်းလာတာ မြင်၇တော့မယ့်ဟန်
ခုပဲ ၇တနာပုံဆိုက်တော့မယ့်ကိန်း
ကမ ၻာက
ဘာအစည်းအဝေး
ညာအစည်းအဝေး
အစည်းအဝေးကြီးတွေ
မကြာမကြာ ကျင်းပပါ၇ဲ့
ဒါပေမယ့်
အစည်းအဝေးပွဲတစ်ခု၇ဲ့ စ၇ိတ်ဟာ
ညစာစားပွဲတစ်ပွဲ၇ဲ့ ကုန်ကျငွေဟာ
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့၇တယ်ဆိုတာ
ကမ ၻာသိပံုမ၇ဘူး

"'ဒါးဗို့"မှာ အစည်းအဝေးလုပ်တော့
"နီဂ၇ိုးပွန်တီ"က
ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်၇မယ်
"ဘီလ်ဂိတ်"က ဒီလိုမဟုတ်
ကွန်ပျူတာနဲ့ တွဲကြည့်လို့၇တဲ့ "ဆဲလ်ဖုန်း"တွေ
ထွင်ဖို့လိုတယ်တဲ့
"၇ှာ၇ွန်စတုန်း"က ပြောတယ်
လောလောဆယ်
အာဖ၇ိကပြည်သူတွေကို ခြင်ထောင်တွေပေး၇မယ်တဲ့

တကယ့်
မီးစတစ်ဖက်
ေ၇မှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ

ကမ ၻာဟာ
ခုခ်ိန္ထိ
အေ၇းၾကံဳမွ
အ၇ပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ

"ဒိုင်ယာနာ"မသေခင်
နောက်ဆုံးသောက်သွားတဲ့ ဟင်းချိုဟာ
ဒေါ်လာ(၄၀၀၀)တန်တယ်
"ဗီယင်နာ"ကို "ဂျော့ဘုခ်ျ"လာတော့
တည်းခိုခန်းတစ်ညစ၇ိတ်ဟာ
ဒေါ်လာ(၆၀၀၀)ကျတယ်

"ဒိုင်ယာနာ့"ဟင်းချိုဖိုးလေးသာ၇
သူအဆင်ပြေပါပြီတဲ့
လူတစ်ယောက်ပြောတယ်
"မာသာထ၇ီဇာ"ဟာ
ဂုဏ်သေ၇၇ှိတွေ၇ဲ့ ညစာစားပွဲကို
အလှူခံခဲ့ဖူးတယ်

"ဘု၇င်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော်ဝတ်ဖို့ မလိုတော့ပါဘူး"တဲ့
"မဟတ္တမဂန္ဒီ"ပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံ၇ာပုံ၇ှိနေတယ်
ကမ ၻာသိပံုမ၇ဘူး

အီသီယိုပီးယား ဒုကၡသည္တစ္ဦးအလို
အခု သူတို့ဖြစ်နေတာက
"ဆာ"တာပါ
"နာ"တာမဟုတ်ပါဘူးတဲ့
သူတို့အဆင့်ဟာ
"နာ"တဲ့အဆင့်ကို လွန်ခဲ့ပါပြီ
"ဆာ"တာဟာ "နာ"တာထက် ဆိုးပါသတဲ့

ဒီကမ္ဘာပေါ်
လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး
လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်
ကမ ၻာ သိပံုမ၇ဘူး

ဒီကမ ၻာက
ခုခ်ိန္ထိ
ဆင်း၇ဲမွဲတေမှုဟာ ပြသနာလို့လည်း
အသေအချာမသိ
စီးပွားေ၇း ချိန်ခွင်ညှာမညီမျှမှုဟာ
ပြသနာလို့လည်း အသေအချာမသိ
အဓမ္မ၇ာဂဟာ ပြသနာလို့လည်း
အသေအချာမသိ
စစ်နဲ့ ငြိမ်းချမ်းေ၇း
ဘယ်ဟာ အေ၇းကြီးတယ်ဆိုတာလည်း
အသေအချာမသိ
အ၇ိပ်၇မှ အေးမြတယ်လို့လည်း
အသေအချာမသိ
ခုချိန်ထိ
သစ်မြင် ခုတ်ချင်နေတုန်းပဲ
မြစ်မြင်ငါးဖမ်းချင်နေတုန်းပဲ
တွင်းမြင်ေ၇နံငင်ချင်နေတုန်းပဲ

ကမ ၻာဟာ
သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေ၇ဲ့
ဘ၀င်လည်းမြင့်၇ဲ့
၇ူးလည်း၇ူး၇ဲ့
ဂိုက်ပေးလည်း ကြမ်း၇ဲ့
ကမ္ဘာကို မထီမဲ့မြင်ပြု၇ဲ့

"မာသာထ၇ီဇာ"က တစ်ယောက်တည်း
"ဘင်လာဒင်"တွေ အများကြီးပဲ
"ဂန္ဒီ"က တစ်ယောက်တည်း
"ဟစ်တလာ"တွေက အများကြီးပဲ

"တကယ်တော့
ဂျီ-အိပ်ခ်ျဆိုတာ
ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ
အစည်းအဝေးလုပ်တယ်ဆိုတာလည်း
ဈေးကွက်ညှိကြတာပါဗျာ"တဲ့

ကမ ၻာဟာ
နောက်ထပ် ခ၇ူးဆိတ်တစ်ခုကိုလည်း
မြင်တွေ့ထားပုံ၇၇ဲ့
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း
မျှော်လင့်ထားပုံ၇၇ဲ့

ခုအချိန်ထိ
လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ
ဂိုဏ်းဂဏစွဲ အယူဝါဒစွဲတွေ
ပြင်းထန်နေတုန်းပဲ
သံလိုက်များလို
လိုအပ်လာ ကိုယ့်အသင်း၇ှိ၇ာ ပြေးကပ်မယ့်
မျိုးတူစုတွေကလည်း အဆင်သင့်

"ခုဆို
'လေ'လည်းလေပြီ"
ကောင်းကင်ပိ၇င်
ဘယ်ခေါင်းမှ မလွတ်တော့။ ။
လူအိမ်
ပန်းအလင်္ကာ-မဂ္ဂဇင်း
ဧပြီ၊ ၂၀၀၇။

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်