Tuesday, November 29, 2011

ရိုးရိုးလေးပါပဲ-မောင်ရွာ


ရိုးရိုးလေးပါပဲ
ဟိုရှေ့က ငှက်လေးတွေ
တေးဆိုနေကြတယ်လေ …

ရိုးရိုးလေးပါပဲ
ဟိုနားက ပန်းလေးတွေ
ပွင့်လန်းနေကြတယ်လေ …

ရိုးရိုးလေးပါပဲ
အလင်းရဲ့ နှလုံးသားကို
အမှောင်က တစ်စတစ်စ
ဝါးမြိုချတယ်လေ …

ရိုးရိုးလေးပါပဲ
တိုးတိုးလေး သူကပြောတယ်
“သိပ်ချစ်တယ် …” တဲ့ …

ရိုးရိုးလေးပါပဲ
တိုးတိုးပြီး ဖက်တွယ်ထားရင်း
အနမ်းများက နှုတ်ခမ်းနားမှာ
ခိုနားနေကြတယ် …

ရိုးရိုးလေးပါပဲ
အဲဒီ လမ်းခွဲညနေတွေ
ပြန်တွေးမိတိုင်းမှာ
ဝမ်းနည်းမျက်ရည်က
ပါးပြင်ထက်
အလိုလို စီးကျလာတတ်တယ် …

ရိုးရိုးလေးပါပဲ
ခိုးခိုးပြီး မျှော်လင့်မိတာ
သူ့အချစ်တွေကို
ပြန်လည် ရရှိဖို့ပါ …

ရိုးရိုးလေးပါပဲ
ဒီသံသရာ လောကထဲ
အသည်းကွဲဖူးတာလည်း
ကိုယ် တစ်ယောက်တည်းမှ
မဟုတ်တာဘဲလေ …….. ။

မောင်ရွာ
(သူမ မဖတ်ခဲ့သော ကဗျာများ)

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်