Wednesday, November 30, 2011

အင်္ဂါနေ့ မှာမွေးခဲ့တယ်-မောင်သာချို

ဘာနဲ့မှ မြှူဆွယ်လို့ မရအောင်

လောကကို ငါ ခံတွင်းပျက်သွားခဲ့ပြီ ...။

အထွေးလိုက် အပုံလိုက်

ထွေးခံတွေ ကားနဲ့တိုက်ပြီး

ဆက်တိုက်ကို ထွေးချပစ်လိုက်တယ် ...။

ရာဇ၀င်ကြိုက် ဂီတ မယ်လိုဒီ

ကြက်တူရွေးအာခေါင်နီ ပညာတတ်တစ်သိုက်

တိုက်ကြက်ဖအိုကြီး နှစ်ကောင် သုံးကောင်

လိုင်စင်ရ အနုပညာ လေလံ ဆွဲသမား

အာလာပသလ္လာပ စည်းကိုက်ဝါးကိုက် ပါးစပ်များ

ဂလူးကို့စ် သွင်းထားရတဲ့ လမ်းမ

ရေကြည်ရ မြက်နုရာ ၀ါဒ

မျက်မှောင်မကုတ်ပဲ လမ်းဖြတ်ကူးတဲ့ လူ့ ဗာလ

အားလုံး ...

အားလုံး ...
ငါ ထွေးချထားခဲ့ပြီ ...။

သရုပ်ဆောင်စားရအောင်ကလည်း

သွားကြားထိုးတံ တကိုက်ကိုက်

လောကကို အရိုးပါ ၀ါးစားထားတဲ့ ဂိုက်နဲ့

ဇာတ်တိုက် ဖို့တောင် ငါ မရဲ သေးဘူး ...။

နွားတွေ အတွက်ကတော့

မြက်ခင်းတွေတောင် နှစ်ဆ စိမ်းလာပုံပါပဲ ... ...။





မောင်သာချို

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်