Monday, November 28, 2011

အသက်မွေးဝမ်းကြောင်း-နရီထက်

ကိုယ့်ထမင်းကိုယ့်စားပြီး အမှန်တွေကို
ဝိုင်းဖက်တွယ်တာ မြတ်နိုးတတ်ဖို့ သင်ပေးခဲ့တာ မဟုတ်ဘူး

အမှားတွေကို ပြောကြ မြင်ကြ
ပုတ်ခတ်ကြရင်းနဲ့ ဘ၀တွေ ကြီးပြင်းခဲ့ရတာပါ

အဖြူရောင်ဆိုတာ မြတ်နိုးတွယ်ဖက်ဖို့ မဟုတ်ဘူး
အရောင်တွေ ရောစပ်ရင်းနဲ့ အသုံးချခံ သက်သက်လောက်ပါ

ဘရိတ်မရှိတဲ့ ဦးနှောက်အတွက်
ဖြတ်လမ်းတွေက အဖြောင့်သက်သက်မဟုတ်တော့
အကွေ့ရောက်ရင် သတိပေးစနစ်မရှိတာ များခဲ့ကြတယ်

ခေါင်းလောင်းထိုးသံက
ကမ္ဘာကြီးငြိမ်းချမ်းရေး ကို ခေါ်ဆောင်လာတတ်ခဲ့သလို
ကမ္ဘာပျက်မယ့်နေ့ကိုလည်း ခေါ်ပေးတတ်ဆိုတာ သတိရစေချင်တယ်။ ။

နရီထက်
( ၂၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်