Sunday, December 25, 2011

သူနဲ့ကျွန်တော်-ကိုသျှား

နှလုံးသားနှစ်ခုထိခတ်လိုက်တော့
အချစ်ပွင့်လာတယ်
ကမ္ဘာဦးလူသားတွေ
မီးကို စတင်တွေ့ရှိလာတဲ့ခေတ်လို
ကျွန်တော်တို့နှစ်ယောက်
အချစ်ကို မငြိမ်းအောင်လောင်စာထည့်ခဲ့ကြ
အတ္တနှစ်ခု အရှိန်ပြင်းပြင်းပွတ်တိုက်မိတော့
မျက်ရည်တွေ ထတောက်တယ်
သူနဲ့ကျွန်တော်
တစ်ယောက်ကိုတစ်ယောက်
မနာကျင်အောင် ညှင်းဆဲနေကြ
သူနဲ့ကျွန်တော်
အချစ်လို့ခေါင်းစဉ်တပ်ပြီး
တစ်ယောက်ကိုတစ်ယောက်
နံကြားကိုဓားနဲ့ထောက်ပြီး ပွေ့ဖက်နေကြတယ်
                                                  ကိုသျှား

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်