ဘ၀ရေပိုက်ခေါင်းကို ဖွင့်ချလိုက်တိုင်း
သေမထူးနေမထူးအဓိပ္ပာယ်တွေ ပန်းထွက်လာတယ်
သေမထူးနေမထူးအဓိပ္ပာယ်တွေ ပန်းထွက်လာတယ်
ကိုယ့်ဓားက ကိုယ့်သွေးကို ပြန်ဆာသလို
ကျိန်စာသင့်နေ့ရက်တွေ
အာရုံခြောက်ပါးစာ အရသာကန်းခဲ့
ကျိန်စာသင့်နေ့ရက်တွေ
အာရုံခြောက်ပါးစာ အရသာကန်းခဲ့
ကျွန်တော်ဟာ တစ္ဆေတစ်ကောင်လို
အမှောင်ကိုမှ ခုံမင်ချင်ခဲ့တာလား
အမှောင်ကိုမှ ခုံမင်ချင်ခဲ့တာလား
ကျွန်တော့်ရဲ့ကစားဖော်ကြယ်ကလေးဟာ
ကျွန်တော့်ကို တဖြည်းဖြည်း သွေးဝေးသွားခဲ့တယ်အမေ
ကျွန်တော့်ကို တဖြည်းဖြည်း သွေးဝေးသွားခဲ့တယ်အမေ
ကိုသျှား
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ