Sunday, December 25, 2011

မတွေ့ရတာကြာပြီဖြစ်တဲ့ညီလေးနဲ့စကားစမြည်-ကိုသျှား

ဒီမှာတော့ ဒီလိုပါပဲ
လောကဓံကိုလည်း အခုထိရေရောနေရတုန်းပဲ
နေရထိုင်ရတာ အဆင်ပြေတယ်ဆိုရင် ၀မ်းသာစရာပေါ့
အလုပ်တွေ အရမ်းပန်းလို့လားမသိဘူး
နည်းနည်းပိန်သွားသလိုပဲနော်
အေးပေါ့ . . .
မြို့ကြီးပြကြီးဆိုတာကတော့
သွားသတိ၊ လာသတိ၊ စားသတိပေါ့
မင်းတောင် လူကြီးဆန်လာပြီနော်
လူသစ်တွေနဲ့ပေါင်းသင်းဆက်ဆံရင်း
အတွေ့အကြုံသစ်တွေက သင်ကြားပေးလိုက်တော့
ဒီလောက်တော့ ဖြစ်ရမှာပဲလေ
မင်း လဘက်ရည်ဆိုင်ထိုင်ရင် ငါ့ကို သတိမရဘူးလား
ဟာ!!!
တယ်ဟုတ်ပါလား
ကောင်းတာပေါ့ကွ
လူတစ်ယောက်အတွက်
နားလည်မှုရှိတဲ့ချစ်သူတစ်ယောက်တော့ လိုအပ်တယ်လေကွာ
အနည်းဆုံးတော့
အထိအရှများလာတဲ့အခါ ရင်ဖွင့်ပေါက်ကွဲပစ်လိုက်ဖို့ပေါ့
နောက်တစ်ခေါက်လာရင် အလည်ခေါ်ခဲ့လေ
အမေတို့လည်း သဘောကျမှာပါ
ငါလည်း ဒီအတိုင်းကြီးတော့ ဘယ်နေလိမ့်မလဲ
မင်း ထင်လို့ပါ
ငါ အေးစက်စက်နိုင်တာ မဟုတ်ဘူး
ငါ ကျည်ဖြည့်နေတာကွ
မင်းကလည်း ရောက်တုန်းရောက်ခိုက် အေးအေးဆေးဆေးပေါ့
အလုပ်တွေကို ခဏဖြစ်ဖြစ် မေ့ထားလိုက်စမ်းပါကွာ
အေး အေး သွားလည်လိုက်ဦး
မင်းက အရင်တုန်းကလို အနုတ်စုတ်ဂုတ်စုတ်မဟုတ်တော့
ဆွေမျိုးတွေကလည်း လူလိုသူလို နှုတ်ဆက်ကြမှာပါ
ထမင်းလက်ဆုံစားရအောင် စောစောပြန်ခဲ့နော်
တော်ပြီကွာ . . . ငါ မလိုက်ချင်ဘူး
                                                               ကိုသျှား

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်